Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီက ဖမ်းမိPDFလေးဦးဖြင့် ကျန်အဖွဲ့အားထောင်ဖမ်းရန် ကြိုးပမ်းစဥ် နှစ်ဦး လွန်မြောက်သွား

ဒီဇင်ဘာ ၁၃ရက်တွင် စစ်ကောင်စီတပ်သားများသည် ဖမ်းဆီးထားသော ရဲဘော်လေးဦးအား ဓားစာခံအနေဖြင့်ခေါ်လာကာ ကျန်ရှိသောရဲဘော်များအား ဆိုင်ကယ် ၁၂စီးဖြင့် လာရောက်ဖမ်းဆီးခဲ့သည်။

မတ္တရာ
မတ္တရာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် PDFရဲဘော် လေးဦးဖြင့် ကျန်အဖွဲ့သားများအား ထောင်ဖမ်းရန် ကြိုးပမ်းနေသည့်စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ရဲဘော်နှစ်ဦးအား ပြန်လည်ကယ်ထုတ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ ငါးဦးလည်း သေဆုံးခဲ့ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောကြားသည်။

ဒီဇင်ဘာ ၁၂ရက် ညနေ ၄ နာရီခန့်က မဟာမိတ်အဖွဲ့က ရဲဘော်သုံးဦးသည် မတ္တရာမြို့နယ် ဆိတ်သာကျေးရွာအနီးတွင် လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးခံခဲ့ရသည်။ ထိုနေ့ ညနေ ၄နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် ရုံးပင်ကျေးရွာအနီးသို့ ထပ်မံရောက်ရှိလာပြီး ဆိုင်ကယ်များအား တားဆီးစစ်ဆေးရာ နောက်ထပ် ရဲဘော်တစ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောသည်။

ဒီဇင်ဘာ ၁၃ရက်တွင် စစ်ကောင်စီတပ်သားများသည် ဖမ်းဆီးထားသော ရဲဘော်လေးဦးအား ဓားစာခံအနေဖြင့်ခေါ်လာကာ ကျန်ရှိသောရဲဘော်များအား ဆိုင်ကယ် ၁၂စီးဖြင့် လာရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်အား နံနက် ၁၁နာရီခန့်တွင် မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကန်ပေါင်ပေါ်၌ ရောက်ရှိချိန် နတ်ဆိုး (မြေအောက်တော် လှန်ရေးတပ်ဖွဲ့)၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗိုလ်နတ်ဆိုးက ပြောသည်။

Public Service Announcement

Public Service Announcement

“အချိန်က ၁၅ မိနစ် မိနစ်နှစ်ဆယ်ဝန်းကျင်ကြာတယ်။ စစ်ကောင်စီတပ်က မိထားတဲ့ရဲဘော်တွေကို ရှေ့ကနေ ဓားစာခံအဖြစ် မောင်းခိုင်းပြီးတော့ သူတို့ကိုမမိတဲ့ပုံစံနဲ့ ကျန်တဲ့ရဲဘော်တွေကိုဖုန်းဆက်ခေါ်ပြီး လမ်းကြောင်းမသိလို့ လာကြိုပေးပါဆိုပြီး ပရိယာယ်နဲ့ခေါ်ခိုင်းတာ။ ရဲဘော်တစ်ယောက်က ဘယ်နေရာမှာစောင့်မယ်လာခဲ့ပါဆိုပြီး သူတို့ကိုရှေ့ကနေဆိုင်ကယ်မောင်းခိုင်းပြီး နောက်ကနေ ​ခ…တွေ(စစ်ကောင်စီတပ်သားတွေ)လိုက်တာ”ဟု ဗိုလ်နတ်ဆိုးက ပြောသည်။

၎င်းကဆက်လက်၍ “မဟာမိတ်ရဲဘော်တွေ မိသွားတယ်ဆိုတဲ့သတင်းအချက်အလက်က အတိအကျရတယ်။ ဟိုကောင်တွေ(စစ်ကောင်စီ)က ကျတော့မမိဘူးပေါ့။ ဖုန်းဆက်သွယ်ခိုင်းတယ်။ လမ်းကြောမသိလို့နယ်မြေမသိလို့ ဘယ်နေရာဘယ်နေရာလာကြိုပါဆိုပြီး ကျွန်တော်တို့ကိုချိန်းတယ်။ ချိန်းတဲ့နေရာမှာ ကျွန်တော်တို့က နေရာပြန်ချိန်းတယ်။ ဆယ့်ငါးမိနစ်အတွင်းရောက်မယ်ဆိုပြိီး စောင့်နေတဲ့အချိန် မထင်မှတ်ဘူး အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး တိုက်ပွဲဖြစ်တာ။”ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဓားစာခံရဲဘော်လေးဦးအနက်နှစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကြောင်း ၎င်းက ပြောသည်။

“ပထမအကြိမ်ဖုန်းဆက်တုန်းကတော့ သာသာယာယာပဲ။ အေးအေးဆေးဆေးပဲ။ နောက်အကြိမ်တွေ ထပ်ဆက်တော့ကျတော့ မူမမှန်တော့ဘူး။ ကြိုပြီးသိထားတာက အင်အားအဲလောက်အများကြီးပါလာနိုင်တယ်လို့ သိမထားဘူး။ပြန်လာမယ် လို့တော့ ကြိုပြီးတော့သိထားတယ်။ ပြင်လည်းပြင်ဆင်ထားတယ်။ ပြင်ဆင်ထားတဲ့နေရာမှာဖြစ်သွားတာမဟုတ်ဘဲနဲ့ တခြားတနေရာမှာဖြစ်သွားတော့ ကိုယ့်ဘက်ကအားနည်းသွားတာ။”ဟု ဗိုလ်နတ်ဆိုးက ရှင်းပြသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ္တရာမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်ဖိနှိပ်ပစ်ခတ်မှုများကြောင့် ကျေးရွာအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ