Connect with us

Hi, what are you looking for?

သတင်း

ထောက်ပို့ရထားတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်များဟု KNU တပ်မဟာ(၁) တာဝန်ရှိသူပြော

KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

(ပျက်စီးသွားသော ရထားတွဲများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ပျက်စီးသွားသော ရထားတွဲများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်၏ ထောက်ပို့ရထားကို ဒီဇင်ဘာ ၁၃ရက်ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု တပ်မဟာ(၁)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ရက်ည ၇နာရီခန့်က စစ်ကောင်စီ၏ ထောက်ပို့ရထားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မိုင်းနဲ့ဆွဲတော့ ရထားသုံးတွဲပျက်သွားတယ်။ တချိန်တည်းမှာ သူ့ရဲ့စစ်ကူရောက်လာတယ်။ အထိအခိုက်ကတော့ တော်တော်များတယ်လို့ ပြောတယ် စကစတွေ။ သူကကျည်တွေ လက်နက်ခဲယမ်းမီးကျောက်တွေ သယ်လာတဲ့ရထား။ စစ်တပ်အင်အားက ၄၀ လောက်ပါလာတယ် အဲဒီမှာ”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ခန့်သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

“ညက ၁နာရီလောက်မှာလည်း ဘီးလင်းမြို့နယ် ညောင်ထောက်ဘက်မှာ ထိတွေ့မှုတစ်ခုဖြစ်တယ်။ အဲဒီမှာနှစ်ဖက်လုံးတော့ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ဘယ်လောက်ထိခိုက်မှုရှိတယ်ဆိုတာ မသိရဘူး”ဟု KNLA တပ်မှူးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။