သတင်း ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုအားတိုက်ခိုက်ရာ ၁၁ဦးသေဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ပြော တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။ LuduNwayOoဩဂုတ် 10, 2022
သတင်း ဖားကန့်ဆယ်ဇင်းဒေသတိုက်ပွဲစစ်တပ်ကတိုက်လေယာဥ်ဖြင့်ဗုံးကျဲရာအရပ်သားများကိုပါပစ်မှတ်ထားတိုက်ခိုက်နေဟုဒေသခံပြော ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုဖော်ပြထားသည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက် ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း လွိုင်ကော်မြို့နယ် ဒေါပါပါးရွာ လူထုကိုပစ်မှတ်ထားပြီး စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက် ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။ LuduNwayOoဩဂုတ် 9, 2022
သတင်း ချောင်းဦးတွင်စစ်ကောင်စီတပ်ကို ၁၄ ကြိမ်ထက်မနည်းတိုက်ခိုက်ရာစစ်သား ၁၂ဦးသေဟု ချောင်းဦးPDF ပြော အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။ LuduNwayOoဩဂုတ် 9, 2022
သတင်း သုံးထပ်ကွေ့နားမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ် ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဩဂုတ် 8, 2022
သတင်း တိုက်ပွဲနေ့စဉ်ဖြစ်နေသည့် မြဝတီ – ဝေါ်လေလမ်း သုံးထပ်ကွေ့အနီးသို့ စစ်ကောင်စီတပ် လေကြောင်းမှ အလစ်တိုက်ခိုက် အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း စစ်ကောင်စီ လက်အောက်ခံတပ်စခန်းနှစ်ခုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA အတည်ပြု စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်လာ၍ ပြန်လည်ပစ်ခတ်ရာ ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ရဟု KNU ထုတ်ပြန် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 8, 2022