Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဆယ်ဇင်းဒေသတိုက်ပွဲစစ်တပ်ကတိုက်​လေယာဥ်ဖြင့်ဗုံးကျဲရာအရပ်သားများကိုပါပစ်မှတ်ထားတိုက်ခိုက်နေဟုဒေသခံပြော

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

(စစ်တပ်မှ YAK-130တိုက်လယာဥ်နှစ်စီး ။ဓါတ်ပုံ-မြဝတီ)
(စစ်တပ်မှ YAK-130တိုက်လယာဥ်နှစ်စီး ။ဓါတ်ပုံ-မြဝတီ)

ကချင်ပြည်နယ်ဖားကန့်မြို့နယ်ဆယ်ဇင်းကျေးရွာနှင့်အနီးတဝိုက်သို့စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၉)တိုက်​လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေရာ ၊အရပ်သားများကိုပါပစ်မှတ်ထားတိုက်ခိုက်နေကြောင်းဒေသခံအချို့ကပြောသည်။

ကချင်နှင့်စစ်ကိုင်းအစပ်ရှိ ဆယ်ဇင်းဒေသမှစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီတပ် SNA စခန်းကို ဩဂုတ် ၈ရက်တွင် KIAနှင့်PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုအပြင်ယနေ့ ဩဂုတ် ၉ရက်တွင်လည်း ဆယ်ဇင်းရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းမှ စ၍ စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

“တော်တော်ဆိုးနေသေးတယ်ဗျာ အဲဒီဘက်မှာ။ နေရာစုံမှာ ကို ဗုံးချတာ။ အခုကကျေးရွာတည့်တည့် မှာကိုချတာ။ အခုက ပြည်သူလူထု ထိခိုက်တယ်။ စာရင်းတော့ ကောက်နေကြတယ်” ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လာနိုင်၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသော်လည်း အချို့မှာ ကျန်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံ ဆက်သွယ်နေဆဲဖြစ်သည်။

ကချင်ပြည်နယ်သို့တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်ပါကတံတားဦး​လေတပ်မှ​လေယာဥ်ထွက်သည်များပြီး YAK-130 တိုက်​လေယာဥ်အသုံးပြု​လေ့ရှိကြောင်း ​စစ်တပ်မှသတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

Facebook