Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လက်အောက်ခံတပ်စခန်းနှစ်ခုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA အတည်ပြု

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(KIA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-The New York Time)
(KIA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-The New York Time)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ရင်း(၂၆)နယ်မြေအတွင်းရှိစစ်ကောင်စီလက်အောက်ခံတပ်စခန်း ၂ခုကိုယနေ့ဩဂုတ် ၈ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကအတည်ပြုသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အင်းတော်ကြီး နယ်မြေဘက်မှာကျွန်တော်တို့ KIAတပ်ရင်း(၂၆)နယ်မြေဘက်မှာ ဆယ်ဇင်းနားမှာ ဒီမနက် အစောကြီး မိုးမလင်းခင်မှာ ဝင်တိုက်တဲ့ ဖြစ်စဉ်တွေရှိပါတယ်။ စကစ တပ်စခန်းတစ်ခုနဲ့ ရှမ်းနီ ပြည်သူ့စစ်တပ်စခန်း တစ်ခုကို ဝင်စီးတဲ့ ဖြစ်စဉ်တွေရှိပါတယ်” ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။

လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိမှုနှင့်စစ်ကောင်စီလက်ပါးစေများသေဆုံးထိခိုက် အခြေအနေကို မေးမြန်းရာသတင်း အတိအကျ မရသေးဟု ၎င်း ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်လည်း စခန်း ၂ခုသိမ်းတယ်ဆိုတဲ့သတင်လောက်ပဲကြားပါတယ်။ဖုန်းဆက်ဖို့လည်း အဆင်မပြေဘူး။ဖုန်လိုင်းတွေက အဆင်မပြေဘူး ဖြစ်နေတာ အတိအကျ ပြည့်ပြည့်စုံစုံက မရသေးဘူး” ဟုဗိုလ်မှူးကြီးနော်ဘူကပြောသည်။လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်းလူမှုကွန်ရက်တွင်ဖော်ပြထားသည်ကို တွေ့ရသည်ဟုလည်း၎င်းက မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

“အခုထက်ထိကတော့ ပြန်ပြီး ဆက်မဖြစ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလောက်ကြီး တိုက်ပွဲဖြစ်တယ်ဆိုတော့ ပြန်တင်းမာတဲ့ အနေအထားတော့ရှိမှာပါ။” ဟု ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်ရာ ဒေသ မြေပြင် အခြေအနေအပေါ် မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ စခမ်းသိမ်းတိုက်ပွဲ၌ KIAနှင့်အတူပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့များလည်းပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ စစ်​ကောင်စီတပ်မှ နှစ်ဆယ်ဝန်းကျင်​သေဆုံးခဲ့​ကြောင်းလည်း ​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ထို့အပြင်သတင်းရင်းမြစ်တစ်ဦး၏ ပေးပို့ချက်အရဆယ်ဇင်းဒေသ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး ၊ လက်နက်ငယ်၊ စနှိုက်ပါ၊ RPG အပါအဝင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၁၁လက်နှင့် ခဲယမ်း၊ ဗုံးသီး၊စစ်အသုံးအဆောင်ပစ္စည်းများ စွာရရှိခဲ့ကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။