Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုအားတိုက်ခိုက်ရာ ၁၁ဦးသေဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ပြော

တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ စနိုက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ရန်သူအားပစ်ခတ်ရန်ချိန်ရွယ်နေစဉ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့ စနိုက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ရန်သူအားပစ်ခတ်ရန်ချိန်ရွယ်နေစဉ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စုအားတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၀ ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၉ ရက်)က ဆိုလားလူကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လယ်ပိုင်းတိုင်းအထူးစစ်ဆင်‌ရေးအဖွဲ့နှင့် ဒေသခံမဟာမိတ်တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ် ဆင်ရေး စနိုက်ပါ အဖွဲ့လည်း ပါဝင်ခုခံတိုက်ခဲ့ပြီး တိုက်ခိုက်မှု့ကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲမှာဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် ဒေသ ခံမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်ရင်ဆိုင်သွားမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဇူလိုင်နောက် ဆုံးပတ်ကစ၍ ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ရေးအရှိန်မြှင့်တင်နေကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။