Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော
ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အာမခံအုပ်စု ဆယ်ဇင်းရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့ နေ့လည် ၁နာရီတွင် တိုက်ခိုက်နေကြောင်း ကချင်ဒေသခံတစ်ဦးက သတင်းပေးပို့လာသည်။

မွန်းလွဲ ၂နာရီအချိန်ထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး အသေးစိတ် အခြေအနေကို မသိရသေးဟု ၎င်းက ဆိုသည်။

“အခုက KIAက ထိုးစစ်ဆင်နေတာ။ စခန်သိမ်းပုံစံတိုက်နေတာ။ ဒီနေ့ ၁နာရီ ၁၀မိနစ်လောက်က စတယ်။ ”ဟု ကချင်ဒေသခံတစ်ဦးက ပြော သည်။

ယမန်နေ့ (ဩဂုတ် ၈ရက်)နံနက် အစောပိုင်းကလည်း ဆယ်ဇင်းဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းတို့ကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။

“ဓားစားခံလုပ်တာ။သူတို့ ဖမ်းထားတဲ့ သူတချို့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ရှိသေးတယ်။ အဲဒါက မရသေးဘူး။ ဆုတ်တဲ့အချိန် ရွာကနေ ခေါ်ပြီး ဓားစားခံလုပ်ထားတာပါ”ဟု ကချင် ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။