နိုင်ငံတကာ အီရန်က လက်တုံ့ပြန်ဖို့ ရွေးချယ်ခဲ့တဲ့ ကာတာအခြေစိုက် အယ်လ်အိုဒေး အမေရိကန် လေတပ်စခန်းဆိုတာ အမေရိကန်က အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ဗုံးကြဲခဲ့တာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ကာတာနိုင်ငံမှာ ထားရှိတဲ့ အမေရိကန်ရဲ့ အယ်လ်အိုဒေး လေတပ်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ludunwayooဇွန် 24, 2025
နိုင်ငံတကာ အပစ်ရပ်သွားပြီလို့ ထရမ့်ပြောပေမယ့် အီရန်နဲ့ အစ္စရေး တိုက်ခိုက်မှုတွေ မရပ်သေး အစ္စရေးနဲ့ အီရန်တို့ကြား ပထမအဆင့်အဖြစ် ၁၂ နာရီကြာ အပစ်အခတ် ရပ်စဲထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။ ludunwayooဇွန် 24, 2025
နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူတွေကို ဇာတိမဟုတ်တဲ့ နိုင်ငံတွေဆီ ပြည်နှင်နိုင်ကြောင်း ထရမ့်ကို အမေရိကန် တရားရုံးချုပ်ခွင့်ပြု တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဇာတိနိုင်ငံ မဟုတ်တဲ့ တခြားနိုင်ငံတွေဆီ နယ်နှင်တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန် တရားရုံးချုပ်က ပြန်လည် ခွင့်ပြုပေးလိုက်ပါတယ်။ ludunwayooဇွန် 24, 2025
နိုင်ငံတကာ အစ္စရေးနဲ့ အီရန် အပစ်ရပ်တော့မယ်လို့ ထရမ့်ကြေညာ အစ္စရေးနဲ့ အီရန်ကြား ၁၂ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုတွေအပြီး အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။ ludunwayooဇွန် 24, 2025
နိုင်ငံတကာ အီရန်မှာ ဗုံးကြဲတဲ့ စစ်ဆင်ရေးကို ထရမ့်က စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေ အိမ်ဖြူတော် ထုတ်ပြန် အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန် လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှု အခန်း (situation room)ထဲကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ludunwayooဇွန် 22, 2025
နိုင်ငံတကာ အီရန်က ငြိမ်းချမ်းရေး မဆွေးနွေးရင် နောက်ထပ် တိုက်ခိုက်မှုတွေ လာဦးမယ်လို့ ထရမ့်သတိပေး အီရန်မှာ လုပ်ဆောင်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေဟာ ထူးကဲတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်လာခဲ့တယ်လို့ အမေရိကန် ပြည်သူတွေဆီ လိပ်မူတဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်သွားခဲ့ပါတယ်။ ludunwayooဇွန် 22, 2025
နိုင်ငံတကာ အစ္စရေး-အီရန် ပဋိပက္ခမှာ ဝင်ပါဖို့ သင့်မသင့် ထရမ့်က နှစ်ပတ်ကြာ စောင့်ကြည့်မယ်လို့ အိမ်ဖြူတော်ပြော ထရမ့်ကို ငြိမ်းချမ်းရေး ဦးစီးချုပ်လို့ ညွှန်းဆို ludunwayooဇွန် 20, 2025
နိုင်ငံတကာ အီရန် နျူကလီးယား ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အမေရိကန် ဝင်ပါဖို့ ထရမ့် စဉ်းစားနေတယ်လို့ဆို အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ စစ်ဆင်ရေးတွေမှာ အစ္စရေးနဲ့အတူ ပူးပေါင်းသွားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ludunwayooဇွန် 18, 2025
နိုင်ငံတကာ အပစ်ရပ်ဖို့ ဝင်ညှိပေးနေတယ် ဆိုတာကို ထရမ့်ငြင်း၊ ခြွင်းချက်မရှိ အရှုံးပေးဖို့ အီရန်ကို သတိပေး အစ္စရေးနဲ့ အီရန်ကြားမှာ အပစ်အခတ် ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။ ludunwayooဇွန် 18, 2025
နိုင်ငံတကာ တဟီရန် မြို့ခံ အီရန်ပြည်သူတွေ မြို့ကို စွန့်ခွာကြဖို့ ထရမ့် တိုက်တွန်း အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းသင့်နေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ludunwayooဇွန် 17, 2025