Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ထရမ့်အတည်ပြု

ရွေးကောက်ပွဲ ထပ်ဝင်ဖို့ စဉ်းစားမထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Getty Images

ရွေးကောက်ပွဲ ထပ်ဝင်ဖို့ စဉ်းစားမထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

CNBC သတင်းဌာနနဲ့ ဩဂုတ် ၅ ရက်နေ့က အင်တာဗျူး လုပ်ခဲ့ချိန်မှာ ထရမ့်က နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်နိုင်ခြေနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေကို ငြင်းဆိုသွားခဲ့တာပါ။

အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာတော့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၄ နှစ် သမ္မတသက်တမ်းကို ၂ ကြိမ် ထမ်းဆောင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ထပ်ဝင်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ထရမ့်ဟာ ဥပဒေအရဆိုရင် ရွေးကောက်ပွဲ ထပ်ဝင်ခွင့် မရှိပါဘူး။

ဒါပေမဲ့ ထရမ့်ရဲ့ အတွင်းစည်းထဲမှာ ရှိနေသူ တချို့ကတော့ ထရမ့်ရဲ့ လက်ရှိ သမ္မတသက်တမ်း ပြီးဆုံးသွားချိန်မှာလည်း လက်ရှိ ရာထူးကို ဆက်ထိန်းထားနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေကြောင်း ပြောဆိုခဲ့ဖူးတာကြောင့် ထရမ့်ဟာ ရွေးကောက်ပွဲ ထပ်ဝင်နိုင်အောင် တစ်ခုခု အပြောင်းအလဲ လုပ်မလားဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက တားမြစ်ထားပေမယ့် တတိယမြောက် သမ္မတ သက်တမ်းအတွက် ကြိုးစားဦးမှာလားလို့ CNBCက မေးတဲ့အခါ ထရမ့်က ငြင်းဆိုခဲ့ပြီး သူက ရွေးကောက်ပွဲ ထပ်ဝင်မှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။ ပြီးတော့ သူဟာ ရွေးကောက်ပွဲမှာ အကောင်းဆုံး ထောက်ခံမဲ အချိုးအစားမျိုးကို ရခဲ့ကြောင်း၊ ဘာကြောင့်လဲဆိုတော့ လူတွေက သူ့ရဲ့ အခွန်စည်းကြပ်မှု မူဝါဒတွေကို သဘောကျကြလို့ဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

CNBCရဲ့ အင်တာဗျူး အစီအစဉ်မှူး တစ်ဦးဖြစ်တဲ့ ဂျိုးကာနန်က ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကြားမှာသာ ထောက်ခံမဲ အများဆုံး ရခဲ့တာဖြစ်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမဲ အများဆုံး ရခဲ့တာတော့ မဟုတ်ကြောင်း ထောက်ပြခဲ့ပါတယ်။ အဲဒီအခါ ထရမ့်က မဲတွေနဲ့ ပတ်သက်ပြီး ဖော်ပြချက်တွေမှာ အမှန်မဟုတ်တာတွေ အများကြီး ရှိနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မတ်လတုန်းက NBCနဲ့ အင်တာဗျူး တစ်ခုမှာတော့ ထရမ့်က သူ့ကို နောက်တစ်ကြိမ် သမ္မတဖြစ်ဖို့ လိုလားနေတဲ့ပြည်သူ အများကြီး ရှိကြောင်းနဲ့ အဲဒီကိစ္စ အထမြောက်စေဖို့ နည်းလမ်းတွေလည်း ရှိနေကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဧပြီလမှာတော့ ထရမ့်ရဲ့ရုံးအဖွဲ့က ‘ထရမ့် ၂၀၂၈’စာတန်းပါ ဦးထုပ်တွေ၊ တီရှပ်တွေ ရောင်းချခဲ့တာကြောင့် ၂၀၂၈ ရွေးကောက်ပွဲမှာ ထရမ့် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားသလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ ထရမ့်က စည်းမျဉ်း ဥပဒေတွေအရ သူနောက်တစ်ကြိမ် သမ္မတ ဖြစ်နိုင်လောက်တဲ့ ယိုပေါက်တွေ ရှိနေကြောင်း၊ ဒါပေမဲ့ သူက အဲဒီ ဟာကွက်တွေကို အသုံးချဖို့ ဆန္ဒမရှိသလို အနာဂတ် ရီပတ်ဘလစ်ကန် ပါတီမှာလည်း လက်ရှိ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုတို့လို ပုဂ္ဂိုလ်တွေက ခေါင်းဆောင်လာတာကို မြင်ချင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ကိုးကား: Time

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook