Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ်ဖို့ ကြားဝင်ညှိပေးတဲ့ ထရမ့်ကို ထိုင်းနဲ့ ကမ္ဘောဒီးယား ကျေးဇူးစကားဆို၊ မြေပြင်မှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေ

စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ကြားဝင် စေ့စပ်ပေးလိုကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကမ်းလှမ်းမှုကို ထိုင်းရော၊ ကမ္ဘောဒီးယားကပါ ကျေးဇူးတင်စကား ဆိုခဲ့ကြပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Getty Images

စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ကြားဝင် စေ့စပ်ပေးလိုကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကမ်းလှမ်းမှုကို ထိုင်းရော၊ ကမ္ဘောဒီးယားကပါ ကျေးဇူးတင်စကား ဆိုခဲ့ကြပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာ ထရမ့်က သူဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းအစိုးရတွေဆီ ဖုန်းဆက်ခဲ့ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြောင်း သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ ပို့စ်ထဲမှာတော့ နှစ်နိုင်ငံစလုံးဟာ အပစ်အခတ် ရပ်စဲရေး ကိစ္စအတွက် အမြန်ဆုံး လုပ်ဆောင်ပြီး အပြီးသတ်မှာတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သဘောတူညီထားတယ်လို့ ထရမ့်က မှတ်ချက်ပေးထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်းရော၊ ကမ္ဘောဒီးယားကပါ ထရမ့်ရဲ့ စိုးရိမ်ပေးမှုနဲ့ ကြားဝင် စေ့စပ်ပေးဖို့ အားထုတ်မှုတွေအတွက် ကျေးဇူးတင်ကြောင်း အသီးသီး ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားက ထရမ့်ရဲ့ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို လက်ခံကြောင်း ကြေညာခဲ့ပြီး ထိုင်းကတော့ ကာယကံရှင် နှစ်နိုင်ငံကြားမှာ တိုက်ရိုက် ဆွေးနွေးမှုတွေ လိုအပ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တိုက်ပွဲတွေကတော့ ရပ်မသွားသေးဘဲ နယ်စပ်မှာ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေဆဲလို့ နှစ်ဖက်စလုံးရဲ့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ တစ်နည်းအားဖြင့် ထရမ့်ရဲ့ အဆိုပြု ကမ်းလှမ်းချက်ကို ထိုင်းရော၊ ကမ္ဘောဒီးယားကပါ အပေါင်းလက္ခဏာဆန်ဆန် တုံ့ပြန်ခဲ့ပေမယ့် ရပ်တည်ချက်တွေတော့ မပြောင်းလဲသေးဘူးဆိုတဲ့ သဘောပါပဲ။

ထိုင်းနဲ့ယှဉ်ရင် စစ်အင်အား သိသိသာသာ ပိုနည်းတဲ့ ကမ္ဘာဒီးယားကလည်း အပစ်အခတ် ရပ်စဲဖို့ သီးခြား တောင်းဆိုထားပြီးသားပါ။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ကတော့ ကမ္ဘောဒီးယားဟာ ထရမ့် အဆိုပြုတဲ့ နှစ်နိုင်ငံကြား ချက်ချင်း၊ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေး ဆိုတာကို လက်ခံတယ်ဆိုတာ အမေရိကန် သမ္မတဆီ ရှင်းရှင်းလင်းလင်း အသိပေးထားကြောင်း ကြေညာပါတယ်။

ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကတော့ ထရမ့်ကို ကျေးဇူးတင်တယ်လို့ ပြောပေမယ့် အရင် ထုတ်ပြန်ထားတဲ့ သဘောထားအတိုင်း အပစ်အခတ် ရပ်စဲရေး ကိစ္စမှာ နှစ်နိုင်ငံပဲ တိုက်ရိုက် ဆွေးနွေးတာမျိုးကို ပိုမို လိုလားကြောင်း ပြောကြားထားပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က စတင်တဲ့ ထိုင်း-ကမ္ဘောဒီးယား စစ်ရေး ပဋိပက္ခမှာတော့ နှစ်ဖက်စလုံးမှာ စစ်သား အရပ်သား အသေအပျောက် စုစုပေါင်း ၃၃ ဦးထက်မနည်း ရှိနေပြီး နယ်စပ် ဒေသခံ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။