Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် ချီးကျူးဂုဏ်တင်ခဲ့ပေမယ့် ထရမ့်က မြန်မာအပေါ် အခွန်ကမ္ဘာ့တတိယအများဆုံးသတ်မှတ်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အထူးမြှောက်ပင့် ချီးကျူးခဲ့ပေမယ့်လည်း အမေရိကန် အစိုးရကတော့ မြန်မာအပေါ် သွင်းကုန် အခွန်တွေ အမြောက်အမြား တိုးမြှင့် သတ်မှတ်မယ့် ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး။

သြဂုတ်-၁၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အထူးမြှောက်ပင့် ချီးကျူးခဲ့ပေမယ့်လည်း အမေရိကန် အစိုးရကတော့ မြန်မာအပေါ် သွင်းကုန် အခွန်တွေ အမြောက်အမြား တိုးမြှင့် သတ်မှတ်မယ့် ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး။

ထရမ့်ဟာ ကြိုတင် ကြေညာထားတဲ့အတိုင်း ဩဂုတ် ၁ ရက်နေ့မှာ အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်သွားမယ့် ပမာဏတွေကို ကြေညာခဲ့ရာမှာမြန်မာ့ပို့ကုန်တွေအပေါ်တန်ဖိုးရဲ့အခွန် ၄၀ ရာခိုင်နှုန်းထိ သတ်မှတ် ကောက်ယူသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဇူလိုင်လဆန်းကတည်းက အဲဒီပမာဏမျိုး အခွန်ကောက်မယ့် ကိစ္စကို ထရမ့်က မင်းအောင်လှိုင်ဆီ စာရေးသားအသိပေးခဲ့ပြီး မင်းအောင်လှိုင်ကလည်း ထရမ့်ရဲ့ ဘုန်းတော်ဘွဲ့တွေကို တဖွဲ့တနွဲ့ ချီးကျူးတဲ့ စာမျိုး ပြန်ကြားရင်း မြန်မာနိုင်ငံအပေါ် အခွန်သတ်မှတ်နှုန်းတွေနဲ့ အရေးယူ ပိတ်ဆို့မှုတွေ လျှော့ချပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဩဂုတ် ၁ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အရ မြန်မာအပေါ် အခွန်စည်းကြပ်မှုကို ၄၀ ရာခိုင်နှုန်းသတ်မှတ်ထားခဲ့ပါတယ်။ ဒါဟာ နိုင်ငံအလိုက် ကုန်သွယ်ခွန်တွေ စည်းကြပ်ရာမှာ တတိယ အများဆုံး ဖြစ်လာပါတယ်။

အမေရိကန်ဟာဘရာဇီးနိုင်ငံကနေတင်ပို့တဲ့ ကုန်စည်တွေကို အခွန် ၅၀ ရာခိုင်နှုန်း၊ ဆီးရီးယားရဲ့ သွင်းကုန်တွေအပေါ် တန်ဖိုးရဲ့ အခွန် ၄၁ ရာခိုင်နှုန်း စည်းကြပ် ကောက်ယူမှာဖြစ်ပြီး ပူးတွဲ တတိယ နေရာမှာတော့ အမေရိကန်နဲ့ လာအိုတို့က ၄၀ ရာခိုင်နှုန်းစီိနဲ့ အသီးသီး ရပ်တည်နေပါတယ်။ အစောပိုင်းတုန်းက ထရမ့်ဟာ မြန်မာအပေါ် အခွန် ၄၄ ရာခိုင်နှုန်းထိစည်းကြပ်ဖို့လျာထားခဲ့ဖူးပါသေးတယ်။

မြန်မာ နဲ့ အ​မေရီကန် နိုင်ငံကြား ကုန်သွယ်မှုပမာဏာဟာ ၂၀၂၁ ခုနှစ်မှာ ​ဒေါ်လာ ၁.၂ ဘီလီယံဝန်းကျင်ရှိခဲပြီး ကုန်သွယ်​ရေးမှာ မြန်မာဆီက ပို့ကုန်တန်ဖိုးပိုများတယ် လို့ ကုန်သွယ်​ရေးအချက်အလက်​တွေ​ဖော်ပြ​ပေး​နေတဲ့ Maxinomics ဝင်ဆိုက်က​ဖော်ပြပါတယ် ။ ၂၀၂၄ ခုနှစ်မှာလည်း နှစ်နိုင်ငံကြားကုန်သွယ်မှုဟာ​ဒေါ်လာသန်း ၈၃၀ နဲ့ – သန်း ၉၇၀ ​ကျော်ကြားရှိနိုင်တယ်လို့ Mzxinomics နဲ့ trendeconomy ဝက်ဆိုက်တို့က​ဖော်ပြပါတယ် ။မြန်မာက ပို့ကုန်ပိုများတယ်ဆို​​ပေမယ့် မြန်မာက​နေ အ​မေရီကန်ကိုတင်ပို့တဲ့ ပို့ကုန်​တွေကို ဆန်းစစ်ကြည့်တဲ့ အခါ ပြည်ပနိုင်ငံ​တွေက မြန်မာနိုင်ငံမှာ စက်ရုံလာ​ဆောက်ရင်းနှီးမြှပ်နှံပြီးပြည်ပတင်ပို့တဲ့လက်ခစားလုပ်ငန်း(CMP)ကထုတ်ကုန်အများစုဖြစ်​နေတာကို​တွေ့ရပါတယ် ။

သားရေနဲ့ပတ်သက်တဲ့အသုံးအ​ဆောင်​ထုတ်ကုန်တွေ ၊အဝတ်အထည်​တွေ ၊​ခြေအိတ်​တွေစတဲ့ပြည်ပလုပ်ငန်းရှင်​တွေက မြန်မာနိုင်ငံမှာစက်​ရုံ​ဆောက်ပြီး မြန်မာလုပ်သား​တွေကိုငှားရမ်းထုတ်လုပ်ထားတဲ့ထုတ်ကုန်​တွေအများစုဖြစ်​နေတာ​တွေ့ရပါတယ်။အ​မေရီကန်နိုင်ငံက​နေ​တော့ အစားအ​သောက်နဲ့ပတ်သက်တဲ့ သွင်းကုန်​တွေပြန်တင်သွင်းတယ်လို့ အချက်အလက်​တွေအရသိရပါတယ် ။

လေ့လာသူ အများစုကတော့ ထရမ့်ဟာ ဘရာဇီးအပေါ် အခွန် ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်စည်းကြပ်ရာမှာ နိုင်ငံရေးအရဖိအားပေးမှုပိုဆန်တယ်လို့ သုံးသပ်ကြပါတယ်။ ပြီးတော့ အဲဒီ သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ရတဲ့ ဘရာဇီး ပို့ကုန် အမျိုးအစားတွေလည်း တော်တော်များများ ရှိနေတဲ့အပြင် နောက်ပိုင်း စေ့စပ်ညှိနှိုင်းမှုတွေ အပြီးမှာတော့ ဖြေလျှော့မယ့် အလားအလာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ ထရမ့်ဟာ ဘရာဇီးက သူ့ရဲ့ မဟာမိတ်ဖြစ်သူ သမ္မတဟောင်း ဂျဲရ်ဘော်လ်ဆိုနာရိုအပေါ် တရားစွဲဆိုမှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုထားပြီး ဘရာဇီး အစိုးရက ငြင်းပယ်တဲ့အပေါ် တန်ပြန်ဖိအားပေးဖို့အခွန်ကိစ္စကိုလက်နက်လိုအသုံးချနေတာမျိုးတွေ ဖြစ်ပါတယ်။

ဆီးရီးယားမှာ အာဏာရှင် ဘာရှာအာဆတ် အစိုးရ ပြုတ်ကျသွားတဲ့နောက် အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ပေးလိုက်ပေမယ့် သွင်းကုန် အခွန်တွေကိုတော့ အခုလိုမျိုး အလုံးအရင်း သတ်မှတ် ကောက်ခံခဲ့တာပါ။ မြန်မာနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီ မဟာမိတ်စီးပွားရေး သမားတချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်က နာမည်ပျက် စာရင်းကနေ ဖယ်ရှားပေးခဲ့ပေမယ့် အခွန်နှုန်းတွေကိုတော့ လျှော့မပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် အမေရိကန်က သတ်မှတ် ကောက်ယူတဲ့ အခွန်နှုန်းထားတွေ မတူညီသလို မြန်မာ၊ လာအိုနဲ့ ဆီးရီးယားတို့လို နိုင်ငံငယ်တွေအပေါ် ဘာကြောင့် အရမ်း များပြားတဲ့ အခွန်အချိုးအစားမျိုး သတ်မှတ်သလဲ ဆိုတာကိုလည်း အိမ်ဖြူတော်က ရေရေရာရာ ရှင်းမပြခဲ့ပါဘူး။

ထရမ့်ဟာညှိနှိုင်းမှုတွေအတွက် နောက်ဆုံးကာလ သတ်မှတ်ပေးထားတဲ့ ဩဂုတ် ၁ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံတချို့နဲ့ အခွန်ကိစ္စ ဆွေးနွေးပြေလည်ခဲ့ပေမယ့် အများစုကတော့ ပြီးပြတ်အောင် ဆွေးနွေးနိုင်တဲ့ အဆင့်ထိ မရောက်ခဲ့ပါဘူး။ ဒါကြောင့် ဩဂုတ် ၁ ရက်နေ့မှာ စတင်အသက်ဝင်မယ့် အခွန်နှုန်းထားသစ် အများစုဟာ အမေရိကန်ရဲ့ ဆုံးဖြတ်ချက် သီးသန့် ဖြစ်ပါတယ်။

ထရမ့်က နိုင်ငံတကာကုန်သွယ်ရေး နယ်ပယ်မှာ အမေရိကန်က နှစ်ရှည်လများ လိုငွေပြခဲ့တာကို နစ်နာမှု တစ်ခုလို့ သတ်မှတ်ပြီး အဲဒီ အခြေအနေကို ကုစားဖို့အတွက် သွင်းကုန်အခွန် နှုန်းထားတွေကို ပြင်ဆင်ခဲ့တာပါ။

အစိုးရရဲ့ အခွန်မူဝါဒနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ နိုင်ငံတကာစတော့ရှယ်ယာစျေးကွက်တွေမှလည်းညွှန်ကိန်း အများအပြားက အနုတ်လက္ခဏာတွေ ပြကုန်ပါတယ်။

ဥရောပ နိုင်ငံတွေထဲမှာတော့ အမေရိကန်ရဲ့ အခွန်သတ်မှတ်ချက်ကြောင့်ထိချက်အပြင်းဆုံးဟာဆွစ်ဇာလန်ဖြစ်ပြီး ၃၉ ရာခိုင်နှုန်း စည်းကြပ်ခံရမှာပါ။ အမေရိကန် အစိုးရဟာ ကုန်သွယ်ဖက် နိုင်ငံအားလုံးအပေါ် အခြေခံ အခွန်နှုန်းထား သတ်မှတ်ချက် ၁၀ ရာခိုင်နှုန်း စည်းကြပ်မှာဖြစ်ပြီး အဲဒီထဲကမှ မတူညီတဲ့ နိုင်ငံတွေအလိုက်ပမာဏတွေက ကွာခြားကုန်တာပါ။ အိန္ဒိယဟာ အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မှုမှာ အကျုံးဝင်ပြီး ဂျပန်၊ အစ္စရေး၊ တောင်ကိုရီးယားတို့လို အမေရိကန် မဟာမိတ်တွေက ၁၅ ရာခိုင်နှုန်း စည်းကြပ်မယ့် စာရင်းထဲ ပါဝင်နေကြောင်း သိရပါတယ်။

ကိုးကား-CNN

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။