Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ တကယ်ပဲ အငတ်ဘေး ကြုံနေတယ်လို့ ထရမ့် မှတ်ချက်ပေး

ဂါဇာ ကမ်းမြှောင်ဒေသမှာ အငတ်ဘေးက တကယ်ပဲ ကြုံတွေ့နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသမှာ အငတ်ဘေးက တကယ်ပဲ ကြုံတွေ့နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာမှာ ငတ်နေတဲ့သူ မရှိပါဘူးလို့ ငြင်းဆိုထားတဲ့ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကြောင့် ငတ်မွတ်ပြီး သေတဲ့သူတွေ ဒါဇင်နဲ့ချီ ရှိနေကြောင်း ဟားမားစ်က စွပ်စွဲခဲ့ပေမယ့် နေတန်ညာဟုက ငြင်းဆိုခဲ့တာပါ။

ဒါပေမဲ့လည်း နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာတဲ့နောက် ဇူလိုင် ၂၇ ရက်နေ့ကစလို့ အစ္စရေးဟာ ဂါဇာကို လူသားချင်း စာနာမှု အကူအညီတွေ အထိုက်အလျောက် ပြန်လည် ဝင်ရောက်ခွင့် ပြုခဲ့ရပါတယ်။

ဂါဇာမှာ အစ္စရေးကြောင့် အငတ်ဘေး ဆိုက်နေတယ် ဆိုတဲ့စကားတွေဟာ မျက်နှာပြောင်တိုက် လိမ်ညာနေတာဆိုတဲ့ နေတန်ညာဟုရဲ့ ဝေဖန်မှတ်ချက်အပေါ် သဘောတူသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က သူသေချာ မသိကြောင်း၊ ဒါပေမဲ့ ကလေးတွေကို ကြည့်ရတာ အရမ်း ဆာလောင်နေပုံပေါ်ပြီး တကယ့် အငတ်ဘေး တစ်ခုတော့ ရှိနေကြောင်း ပြန်ဖြေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စကော့တလန်မှာ ဗြိတိန် ဝန်ကြီးချုပ် ကီရာ စတာမာနဲ့ တွေ့ဆုံမှုအပြီး ဇူလိုင် ၂၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရမ့်က ဂါဇာရဲ့ အခြေအနေက အလုံးစုံ ရှုပ်ထွေးနေကြောင်း၊ သူက အစ္စရေး အနေနဲ့ လက်ရှိ လုပ်ကိုင်နေတာတွေနဲ့ မတူညီတဲ့ နည်းလမ်းတစ်ခုခုကို အသုံးပြုစေချင်တာမျိုးတော့ အကြံပေးထားတယ်လို့ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှု ထောက်ပံ့ရေး လုပ်ငန်းဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက အစ္စရေးအနေနဲ့ တင်းကျပ်ပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးလိုက်ကြောင်း အတည်ပြုခဲ့ပြီး မကြာခင်မှာ ထရမ့်ဆီက အခုလို မှတ်ချက် ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ ဂါဇာမှာ အငတ်ဘေး ခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှားဖို့ဆိုရင် များပြားလှတဲ့ ရိက္ခာ အထောက်အပံ့တွေ လိုအပ်လိမ့်မယ်လို့ ဖလက်ချာက ဆိုပါတယ်။

လောလောဆယ်တော့ အစ္စရေးဟာ ဂါဇာရဲ့ အခြေအနေ အဆိုးဆုံး နေရာတွေဆီ လေကြောင်းကနေ ရိက္ခာတွေ ချပေးတာကို ခွင့်ပြုထားပြီး ရိက္ခာ ထရပ်ကားတွေ ဝင်ရောက်နိုင်ဖို့အတွက် တစ်နေ့ကို ၁၀ နာရီကြာ စစ်ဆင်ရေးတွေ ရပ်နားပေးထားပါတယ်။ ဒါပေမဲ့ လက်ရှိ ပေးပို့နိုင်တဲ့ ထောက်ပံ့ရေး ပစ္စည်း ပမာဏဟာ သမုဒ္ဒရာထဲ ကျသွားတဲ့ ရေစက်လေးလောက်သာ ရှိတယ်လို့ ဖလက်ချာက သတိပေးထားပါတယ်။

အစပျိုးမှုက ကောင်းနေပေမယ့် လာမယ့် ရက်တွေမှာ ပိုပြီး တိုးတက်လာဖို့ အရေးကြီးကြောင်း၊ လူသားချင်း စာနာမှု အကူအညီတွေကို အများကြီး ပိုကြီးမားတဲ့ အတိုင်းအတာ ပမာဏမျိုး၊ အများကြီး ပိုမြန်ဆန်တဲ့ အရှိန်အဟုန်မျိုးနဲ့ ဂါဇာဆီ ပို့ဆောင်ဖို့လိုကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...