Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်တယ်ဆိုတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ပြောကြားခဲ့တဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီးဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင် သရော်တာတွေ ခံနေရပါတယ်။

AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ပြောကြားခဲ့တဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီးဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင် သရော်တာတွေ ခံနေရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့တုန်းက ကာရိုလိုင်း လီယာဗစ်ဟာ သမ္မတ ထရမ့်အနေနဲ့ နိုင်ငံတကာ ပဋိပက္ခ ၆ ခုလောက်ကို ဝင်ရောက် ဖြေရှင်းပေးခဲ့တာကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုနဲ့ ထိုက်တန်နေပြီလို့ သတင်းစာ ရှင်းလင်းပွဲ အစီအစဉ် တစ်ခုမှာ ပြောကြားသွားခဲ့တာပါ။

လောလောလတ်လတ်အဖြစ် ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခ အဆုံးသတ်သွားအောင် ထရမ့်က ကြားဝင် စေ့စပ်ပေးခဲ့ကြောင်း၊ အစ္စရေး-အီရန် ကိစ္စ၊ ရဝမ်ဒါနဲ့ ကွန်ဂို ပြည်သူ့ သမ္မတနိုင်ငံအရေး၊ အိန္ဒိယ-ပါကစ္စတန်၊ ဆာဘီးယား-ကိုဆိုဗို၊ အီဂျစ်-အီသီယိုးပီးယား ပြဿနာတွေကိုလည်း လျော့ပါး ပြေလည်အောင် ညှိနှိုင်းပေးခဲ့ကြောင်း လီယာဗစ်က ဆိုပါတယ်။

တစ်နည်းအားဖြင့် သမ္မတသက်တမ်း ၆ လအတွင်း ပျမ်းမျှ တစ်လကို ကမ္ဘာ့အရေးအခင်း တစ်ခုလောက် ပြေလည်အောင် ထရမ့်က ညှိနှိုင်းပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါကြောင့် သမ္မတ ထရမ့်အနေနဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံရမယ် ဆိုရင်တောင် ထိုက်တန်တဲ့ ကာလမျိုးကို ဖြတ်သန်းပြခဲ့ပြီးပြီလို့ ဆိုနိုင်ကြောင်း လီယာဗစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမှတ်ချက် စကားဟာ လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပါတယ်။ နိုင်ငံရေး သုတေသီ တစ်ဦးဖြစ်တဲ့ အေရွန် ပါနက်စ်ကတော့ ရွေးကောက်ပွဲ ကာလမှာ ထရမ့်က သူသမ္မတဖြစ်လာတဲ့ အချိန်ကျရင် သေချာပေါက် ရပ်တန့်ပေးမယ်လို့ ကတိပေးခဲ့တဲ့ ဂါဇာစစ်ပွဲနဲ့ ယူကရိန်း စစ်ပွဲတွေ ဆက်ပြီး အရှိန်ကောင်းနေတာကိုရော လီယာဗစ်က ဘာပြောမလဲ သိချင်တယ်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

New Republicရဲ့ ဂရက်ဂ် ဆားဂျန့်ကတော့ လီယာဗစ် ရွတ်ပြတဲ့ ဇာတ်ညွှန်းစာသားကို ဘယ်သူက ရေးပေးလဲဆိုတာ သိချင်မိသားလို့ သရော်ခဲ့ပါတယ်။ သူက လီယာဗစ်ရဲ့ မှတ်ချက်ဟာ မယုံနိုင်စရာပဲလို့လည်း အရွှန်းဖောက်ခဲ့ပါတယ်။

လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးကတော့ လီယာဗစ်က ရူးသွားတာလားလို့ တနင့်တပိုးကြီး မေးခွန်းထုတ်ထားခဲ့ပါတယ်။

ထရမ့်ရဲ့ အနီးကပ် မဟာမိတ် တချို့ကတော့ ထရမ့်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရသင့်တယ်ဆိုတဲ့ စိတ်ကူးကို မီးလောင်ရာလေပင့် လုပ်ထားကြပြီးသားပါ။ ဥပမာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူဟာ ထရမ့်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် သေချာပေါက် ထောက်ခံမယ်လို့ ပြောကြားထားပါတယ်။

ပြီးတော့ အမေရိကန်ရဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီထဲက ထရမ့်ရဲ့ ဘက်တော်သား တချို့နဲ့ နော်ဝေးလွှတ်တော် အမတ်နှစ်ဦးကလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် စဉ်းစားသင့်သူတွေ အမည်စာရင်းထဲ ထရမ့်ကို အဆိုပြုထားကြောင်း သိရပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံရေးအရ ဂုဏ်သိက္ခာ အမြင့်ဆုံး ဆုတစ်ခုဖြစ်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရပါတယ်။

ကိုးကား: NJ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

Facebook