နိုင်ငံတကာ မြောက်ကိုရီးယား တာဝေးပစ် ICBMဒုံးကျည် စမ်းသပ်မှု ကျရှုံးခဲ့တယ်လို့ ယူဆရ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ဂျပန် လေပိုင်နက်ကို ဖြတ်မပျံခဲ့ကြောင်း ဂျပန် အစိုးရက အတည်ပြုခဲ့ပြီး ဂျပန် ကမ်းခြေစောင့်တပ်ကလည်း ဒုံးကျည်ဟာ ပင်လယ်ထဲက တစ်နေရာကို ကျဆင်းသွားခဲ့တယ်လို့ ကြေညာပါတယ်။ LuduNwayOoနိုဝင်ဘာ 3, 2022
နိုင်ငံတကာ ရေပိုင်နက်နားမှာ မြောက်ကိုရီးယားဒုံးကျည် ကျရောက်မှု တောင်ကိုရီးယား ကန့်ကွက် မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ဂျပန်အစိုးရကလည်း တုံ့ပြန် ရှုတ်ချခဲ့ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြောက်ကိုရီးယားရဲ့ အစဉ်တစိုက် ဒုံးကျည် ပစ်ခတ်မှုတွေဟာ မကြုံစဖူး ထူထပ်များပြားလာပြီး သည်းခံနေလို့ မရတော့ဘူးလို့ ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2022
နိုင်ငံတကာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ထပ်စမ်းသပ်ခဲ့ပြန်ကြောင်း တောင်ကိုရီးယား အတည်ပြု အမေရိကန် စစ်တပ်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ထောက်လှမ်း သိရှိခဲ့ကြောင်း အတည်ပြုပေမယ့် ဒေသတွင်းက အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ခြိမ်းခြောက်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ LuduNwayOoအောက်တိုဘာ 28, 2022
ဗီဒီယို နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားထုတ်ပြန် နိုင်ငံတကာရေးရာ လေ့လာသူတွေကတော့ မြောက်ကိုရီးယားက ဝါဒဖြန့် စကားတိုင်းကို အတည်ယူလို့ မရပေမယ့် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးတွေ စမ်းသပ်နေတယ် ဆိုတာကို ပေါ့ပေါ့ဆဆတော့ မတွက်သင့်ဘူးလို့ ဆိုပါတယ်။ LuduNwayOoအောက်တိုဘာ 13, 2022
ဗီဒီယို ကိယက်ဗ် အပါအဝင် ယူကရိန်း မြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပူတင်အတည်ပြု သူရည်ညွှန်းတာက ရုရှား သိမ်းပိုက်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်က တံတားတစ်စင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ ပူတင်က အဲဒီကိစ္စဟာ ယူကရိန်း ကျူးလွန်တဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် ယူကရိန်းကတော့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာတစ်ခုမှ မရှိဘဲ နှုတ်ဆိတ်နေပါတယ်။ LuduNwayOoအောက်တိုဘာ 10, 2022
နိုင်ငံတကာ ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ကာကွယ်ပြောဆို မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေကို ထိခိုက်နိုင်တယ်လို့ ဝေဖန် စွပ်စွဲနေခြင်းက အမေရိကန်နဲ့ အပေါင်းအပါတွေရဲ့ နောက်ကွယ်က ပုံကြီးချဲ့ သွေးထိုးမှုသာ ဖြစ်တယ်လို့လည်း KCNAက တုံ့ပြန်ပါတယ်။ LuduNwayOoအောက်တိုဘာ 9, 2022
နိုင်ငံတကာ ယူကရိန်းအတွက် ဒုံးကျည်ပစ် လက်နက်ကြီး စနစ်တွေ ထပ်မံ ပို့ဆောင်မယ်လို့ အမေရိကန် ကတိပြု အခုဆိုရင် ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန်က သုံးစွဲထားတဲ့ စစ်ရေးထောက်ပံ့စရိတ်ဟာ ဒေါ်လာ ၁၆.၈ ဘီလီယံ ကျော်လွန်လာပြီလို့လည်း သိရပါတယ်။ LuduNwayOoအောက်တိုဘာ 5, 2022
နိုင်ငံတကာ နိုင်ငံပိုင်နက်ပေါ်က ဖြတ်ပြီး ဒုံးကျည်ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဂျပန်ဝေဖန် ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးတွေနဲ့ နျူကလီးယား လက်နက်တွေ စမ်းသပ်ခွင့် ပိတ်ပင်ထားပေမယ့် မြောက်ကိုရီးယားကတော့ နာခံမှု မရှိပါဘူး။ အခုသီတင်းပတ်ထဲမှာတင် မြောက်ကိုရီးယားဟာ ဒုံးကျည် ၅ စင်းထိ ပစ်ခတ်ခဲ့ပြီးပါပြီ။ LuduNwayOoအောက်တိုဘာ 4, 2022
ဗီဒီယို မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်ပြီး နောက်တစ်နေ့မှာ အမေရိကန်-တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်မှု စတင် လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ရေပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်သင်္ဘော စုစုပေါင်း အစီး ၂၀ လောက် ဖြန့်ကျက်ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ LuduNwayOoစက်တင်ဘာ 26, 2022
နိုင်ငံတကာ ပဲ့ထိန်း ဒုံးကျည်လို့ ယူဆရတဲ့ အရာတစ်ခုကို မြောက်ကိုရီးယားက ပင်လယ်ပြင်ဖက် ပစ်လွှတ် မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံးလို့ ယုံကြည်ရတဲ့အရာ ပျံတက်လာချိန် ကတည်းက လုံခြုံရေးအတွက် အပြည့်အဝ တပ်လှန့် ပြင်ဆင်ထားခဲ့သလို မဟာမိတ် အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းပြီး ပျံသန်းမှု လမ်းကြောင်းကို အချိန်ပြည့် စောင့်ကြည့်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 25, 2022