Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုလန်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ကို ရုရှားကနေ ပစ်ခတ်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ဘိုင်ဒန်ပြော

ဘိုင်ဒန်ကတော့ ယူကရိန်း နယ်စပ်နားက ပိုလန် ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး ပိုလန် အာဏာပိုင်တွေရဲ့ စုံစမ်းမေးမြန်းမှုတွေကို အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပိုလန်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ကို ရုရှားကနေ ပစ်ခတ်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ဘိုင်ဒန်ပြော
ပိုလန်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ကို ရုရှားကနေ ပစ်ခတ်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ဘိုင်ဒန်ပြော

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ဟာ ရုရှားကနေ ပစ်လွှတ်လိုက်တာ ဟုတ်ဟန် မတူဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ယူကရိန်း နိုင်ငံ ပိုင်နက်နဲ့ ထိစပ်နေတဲ့ ပိုလန် နယ်စပ် ရွာတစ်ရွာမှာ ဒုံးကျည် ကျရောက် ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ ရုရှား-ယူကရိန်း စစ်ပွဲကနေ လမ်းကြောင်းချော်ပြီး ပိုလန်ဖက် ကျဆင်းလာတယ်လို့ ယုံကြည်ရပါတယ်။

ပိုလန်ဟာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်တာကြောင့် ပိုလန် အစိုးရအပြင် NATO အဖွဲ့ကပါ ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေးတွေ ခေါ်ယူခဲ့ကြပါတယ်။ အဲဒီနေ့က ရုရှားဟာ ယူကရိန်း နိုင်ငံအနှံ့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေခဲ့တာကြောင့် ရုရှားရဲ့ ဒုံးကျည်တစ်စင်း လမ်းကြောင်းချော်ပြီး ပိုလန် ပိုင်နက်ထဲ ကျရောက်ခဲ့တာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားဖက်ကတော့ ပိုလန်မှာ ဒုံးကျည် ကျရောက် ပေါက်ကွဲမှုဟာ သူတို့နဲ့ မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

ကနဦး တွေ့ရှိမှုတွေအရ အဲဒီဒုံးကျည်ဟာ ဆိုဗီယက်လုပ် အမျိုးအစား ဖြစ်တယ်ဆိုတာ သေချာသလောက် ရှိနေကြောင်း၊ ဒါပေမဲ့ ဘယ်သူက ပစ်ခတ်သလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးကြောင်း အစောပိုင်းမှာ ပိုလန် အစိုးရက ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှာ G20 ညီလာခံ တက်ရောက်နေတဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်က ဒုံးကျည် ပျံသန်းမှု လမ်းကြောင်းကို တွက်ချက်ကြည့်တဲ့ အခါမှာ ရုရှားဆီက ပျံသန်းလာတာ မဖြစ်နိုင်လောက်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကနဦး သတင်း အချက်အလက်တွေကိုသာ ရရှိသေးပြီး အသေးစိတ် စုံစမ်းမှုတွေ မတိုင်ခင် သူ့အနေနဲ့ ဘာကိုမှ အတိအကျ မပြောလိုကြောင်း၊ အဖြေကိုတော့ ဖော်ထုတ်လာနိုင်မှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နယ်စပ်မှာ ကျရောက် ပေါက်ကွဲတဲ့ ဒုံးကျည်ဟာ ဆိုဗီယက်လုပ် S-300 အမျိုးအစား ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီ မြေပြင်က ဝေဟင်ပစ် အမျိုးအစား ဒုံးကျည်ကို ရုရှားမှာ ထုတ်လုပ်ပေမယ့် ယူကရိန်း စစ်တပ်ကလည်း အသုံးပြုနေပါတယ်။ ဒီတော့ ရုရှားရဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချတဲ့ ယူကရိန်း ဒုံးခွင်းဒုံး တစ်စင်းက ပိုလန်မှာ ကျရောက်သွားတာမျိုးလည်း သီအိုရီအရ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဘိုင်ဒန်ကတော့ ယူကရိန်း နယ်စပ်နားက ပိုလန် ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး ပိုလန် အာဏာပိုင်တွေရဲ့ စုံစမ်းမေးမြန်းမှုတွေကို အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

စစ်ရေး လေ့လာသူ အများစုကတော့ ရုရှားရော၊ ယူကရိန်းပါ ပိုလန် ပိုင်နက်ထဲကို ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်နဲ့ ပစ်ခတ်တာမျိုး မဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ ပိုလန်ဟာ NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် ပိုလန် ပိုင်နက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဟာ ရုရှားအတွက်လည်း မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်ရာ ရောက်သွားစေမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။