Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နည်းပညာမြင့် လောင်စာခဲတောင့်သုံး ဒုံးကျည် အင်ဂျင်အသစ်ကို မြောက်ကိုရီးယား စမ်းသပ်

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည် အမျိုးအစား ပေါင်းစုံကို စံချိန်တင် အရေအတွက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့သလို နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲဖို့လည်း စီစဉ်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

နည်းပညာမြင့် လောင်စာခဲတောင့်သုံး ဒုံးကျည် အင်ဂျင်အသစ်ကို မြောက်ကိုရီးယား စမ်းသပ်
နည်းပညာမြင့် လောင်စာခဲတောင့်သုံး ဒုံးကျည် အင်ဂျင်အသစ်ကို မြောက်ကိုရီးယား စမ်းသပ်

မြောက်ကိုရီးယားက လောင်စာ အခဲတောင့် အသုံးပြုပြီး တွန်းအားမြင့်မြင့် ထုတ်လွှတ်နိုင်တဲ့ အင်ဂျင်တစ်မျိုးကို စမ်းသပ် အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီ အင်ဂျင် စမ်းသပ်မှုကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ကွပ်ကဲ စောင့်ကြည့်ခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက နောက်တစ်နေ့မှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ စစ်လက်နက် ပါရဂူတွေကတော့ အဲဒီ အင်ဂျင် နည်းပညာဟာ တိုက်ချင်းပစ် ဒုံးကျည်တွေရဲ့ မြန်နှုန်းနဲ့ လမ်းကြောင်းပြောင်း ကွေ့ဝိုက်ပျံသန်းနိုင်စွမ်းတွေကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

အင်ဂျင်သစ် စမ်းသပ်မှုကို မြောက်ကိုရီးယားရဲ့ ဒုံးကျည်နည်းပညာ အစိတ်အပိုင်းတွေ စမ်းသပ်လေ့ရှိတဲ့ ဆိုဟေး ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှာ ပြုလုပ်ခဲ့တာလို့ KCNAက ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးကျည်လက်နက် နည်းပညာတွေကို မြှင့်တင်ဖို့ အသည်းအသန် အားထုတ် ကြိုးစားနေချိန်မှာ အခုစမ်းသပ်မှုက အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

မြောက်ကိုရီးယားဟာ လောင်စာ အခဲတောင့်ကို အသုံးပြုတဲ့ ဒုံးကျည် အင်ဂျင်မျိုး တီထွင်နိုင်ဖို့ ကာလရှည်ကြာ ကြိုးပမ်းနေခဲ့ပါတယ်။ လောင်စာ အခဲကို သုံးထားတဲ့အခါ ကြိုတင် ပြင်ဆင်ချိန် လုံးဝနီးပါး မလိုအပ်ဘဲ ဒုံးကျည်ကို လက်ဦးမှုယူ ပစ်ခတ်နိုင်မှာ ဖြစ်တဲ့အပြင် ဒုံးကျည်ရဲ့ မြန်နှုန်းနဲ့ ကွေ့ဝိုက် ပျံသန်းနိုင်တဲ့ စစ်ကစားမှု စွမ်းရည်တွေကိုပါ မြှင့်တင်နိုင်လိမ့်မယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က အူဟာ တက္ကသိုလ်ရဲ့ နိုင်ငံတကာ လေ့လာရေး ဘာသာရပ် ပါမောက္ခ လိုင်ဖ်အဲရစ် အီစလေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်တုန်းက မြောက်ကိုရီးယားရဲ့ အာဏာရပါတီ အထူးအစည်းအဝေးမှာ စစ်ရေး နည်းပညာ မဟာဗျူဟာ ရည်မှန်းချက် ၅ ရပ်ကို သတ်မှတ် ကြေညာခဲ့ရာမှာ လောင်စာခဲ နည်းပညာသုံး ဒုံးကျည်တွေ ပိုင်ဆိုင်ရေးဟာလည်း အဓိက အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း ဒုံးကျည် အမျိုးအစား ပေါင်းစုံကို စံချိန်တင် အရေအတွက်ထိ စမ်းသပ် ပစ်လွှတ်ခဲ့သလို နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ် ဖောက်ခွဲဖို့လည်း စီစဉ်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ဒုံးကျည်တချို့ကို ပင်လယ်ပြင်ဖက်ဆီ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အနုမြူ (အက်တမ်မစ်) လက်နက် ထုတ်လုပ်နိုင်စွမ်းကို စိုးရိမ်စရာ အခြေအနေမျိုးထိ အကြီးအကျယ် ကြိုးစား မြှင့်တင်နေကြောင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်အဖွဲ့ ခေါင်းဆောင်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းတွေကို ဆန့်ကျင်ခဲ့ခြင်းဟာ ဂျပန်အနေနဲ့ အကြီးအကျယ် ရန်စတဲ့ လုပ်ရပ်မျိုး ကျူးလွန်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားခဲ့ပါတယ်။

Facebook