Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ထပ်စမ်းသပ်ခဲ့ပြန်ကြောင်း တောင်ကိုရီးယား အတည်ပြု

အမေရိကန် စစ်တပ်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ထောက်လှမ်း သိရှိခဲ့ကြောင်း အတည်ပြုပေမယ့် ဒေသတွင်းက အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ခြိမ်းခြောက်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ထပ်စမ်းသပ်ခဲ့ပြန်ကြောင်း တောင်ကိုရီးယား အတည်ပြု
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တွေ ထပ်စမ်းသပ်ခဲ့ပြန်ကြောင်း တောင်ကိုရီးယား အတည်ပြု

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ထပ်မံစမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က အတည်ပြု ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်တဲ့ ကာလမှာ မြောက်ကိုရီးယားက အရှေ့ဖက် ကမ်းလွန် ပင်လယ်ပြင်ဆီ ဒုံးကျည်တွေ ပစ်ခတ်ပြခဲ့တာပါ။ အခုနှစ်အတွင်းမှာ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးတွေ၊ တိုက်ချင်းပစ် ဒုံးကျည်တွေ အပါအဝင် ဒုံးကျည် အစင်း ၄၀ ကျော် စမ်းသပ်ခဲ့ပြီးပါပြီ။ ဒါဟာ မြောက်ကိုရီးယားအတွက် တစ်နှစ်တာ စံချိန်သစ်တင်တဲ့ အရေအတွက်လည်း ဖြစ်လာပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယား အရှေ့ဖက် ကန်ဝမ်ဒေသမှာရှိတဲ့ တွန်ချောင် ခရိုင်ကနေ တာတို ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယားက ထုတ်ပြန်ပါတယ်။ ဒီလို ဒုံးကျည် ပစ်ခတ်မှုတွေဟာ အကြီးအကျယ် ရန်စတဲ့ အပြုအမူ အနေနဲ့ သတ်မှတ်သင့်ကြောင်း တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနချုပ်က စွပ်စွဲ ဝေဖန်ပါတယ်။ အဲဒီ ဒုံးကျည် နှစ်စင်းဟာ အမြင့် ၂၄ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ၂၃၀ ကီလိုမီတာလောက် ခရီးပေါက်အောင် ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်တပ်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကို ထောက်လှမ်း သိရှိခဲ့ကြောင်း အတည်ပြုပေမယ့် ဒေသတွင်းက အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေအပေါ် ခြိမ်းခြောက်မှု တစ်စုံတရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနဲ့ အမေရိကန် မြေပြင် တပ်ဖွဲ့တွေဟာ ၁၂ ရက် ကြာမြင့်ခဲ့တဲ့ Hoguk 22 စစ်ရေးလေ့ကျင့်မှုတွေကို အောက်တိုဘာ ၂၈ ရက်မှာ အဆုံးသတ်မှာပါ။ ဒါပေမဲ့ လာမယ့် သီတင်းပတ် အစောပိုင်းကစလို့ မဟာမိတ် စစ်လေယာဉ်တွေ ပူးပေါင်း ပျံသန်းလေ့ကျင့်တဲ့ အစီအစဉ်ကို အစပြုဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နဲ့ အာရှ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားဟာ အခုနှစ်ထဲမှာ နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု တစ်ခုကိုလည်း လုပ်ဆောင်လာမယ်လို့ ယူဆထားပါတယ်။ အရင်က မြောက်ကိုရီးယားဟာ ၂၀၀၆ ကနေ ၂၀၁၇ ခုနှစ်အတွင်း နျူကလီးယားဗုံး စမ်းသပ်မှု ၆ ကြိမ်ထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရကတော့ မြောက်ကိုရီးယားသား နျူကလီးယားဗုံး ဖောက်ခွဲခဲ့မယ်ဆိုရင် မဟာမိတ်တွေဆီကနေ မှန်းဆလို့ မရနိုင်လောက်အောင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံရစေမယ်လို့ သတိပေးထားပေမယ့် အသေးစိတ်တော့ ပြောဆိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားဆီ ရဟတ်ယာဉ်တွေနဲ့ ဆက်စပ် အစိတ်အပိုင်းတွေ ဒေါ်လာ ၄.၂ ဘီလီယံဖိုး ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ဂျက်တိုက်လေယာဉ်ဟာ စစ်ဆင်ရေးအဆင့် ပျံသန်းနိုင်ကြောင်း အတည်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး အမြောက်အသစ်တွေကို တောင်ကိုရီးယားနဲ့ နယ်စပ်တလျှောက်မှာ ဖြန့်ကျက်သွားဖို့ မြောက်ကိုရီးယားက စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားဟာ နိုင်ငံရဲ့ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကို ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။