Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းနိုင်ငံအနှံ့ မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ်

အစောပိုင်းမှာတော့ ယူကရိန်း သမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ် မစ်ခေလို ပိုလ်ဒိုယက်ခ်က ရုရှား ပစ်ခတ်တဲ့ ဒုံးကျည် စုစုပေါင်း ၁၂၀ ကျော်လောက်ထိ ရှိနိုင်ပြီး အများစုက ယူကရိန်း အရပ်ဖက် ပစ်မှတ်တွေကို ဦးတည်ခဲ့တာလို့ စွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။

ယူကရိန်းနိုင်ငံအနှံ့ မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ်
ယူကရိန်းနိုင်ငံအနှံ့ မြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ်

ယူကရိန်းနိုင်ငံ အနှံ့က မြို့ကြီးတွေကို ရုရှားက ဒါဇင်နဲ့ချီ များပြားတဲ့ ဒုံးတွေတွေ တပြုံတမ ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က တိုက်ခိုက်မှုဟာ ရုရှား-ယူကရိန်း စစ်ပွဲ ကာလတလျှောက် ပမာဏ အများပြားဆုံး ဒုံးကျည် စစ်ဆင်ရေးတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ကိယက်ဗ် မြို့တော်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး ဒဏ်ရာရလို့ ဆေးရုံ တင်ပို့ခဲ့ရပြီး တခြားမြို့တွေက ထိခိုက် ပျက်စီးမှု၊ ဒဏ်ရာရမှု အခြေအနေတွေကို အသေးစိတ် မသိရသေးပါဘူး။

ခါကစ်ဗ်၊ အိုဒက်ဆာ၊ လာဗစ်ဗ်နဲ့ ဇာတိုမာတို့လို မြို့တွေမှာလည်း ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲသံတွေ ဆူညံနေခဲ့တယ်လို့ သိရပါတယ်။

တချို့နေရာတွေမှာတော့ ယူကရိန်း စစ်သားတွေဟာ မိုးပေါ်က ဖြတ်ပျံသွားတဲ့ ရုရှား ဒုံးကျည်တွေကို ပခုံးထမ်း လောင်ချာတွေနဲ့ ကြားဖြတ် ပစ်ချခဲ့တဲ့ မှတ်တမ်း ဗီဒီယိုတွေကိုလည်း တွေ့ရပါတယ်။ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားဟာ တစ်နေ့တည်းမှာ ဒုံးကျည် ၆၉ စင်းထိ ပစ်ခတ်ခဲ့ပြီး ၅၄ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာတော့ ယူကရိန်း သမ္မတရဲ့ အကြံပေး ပုဂ္ဂိုလ် မစ်ခေလို ပိုလ်ဒိုယက်ခ်က ရုရှား ပစ်ခတ်တဲ့ ဒုံးကျည် စုစုပေါင်း ၁၂၀ ကျော်လောက်ထိ ရှိနိုင်ပြီး အများစုက ယူကရိန်း အရပ်ဖက် ပစ်မှတ်တွေကို ဦးတည်ခဲ့တာလို့ စွပ်စွဲ ပြောဆိုခဲ့ပါသေးတယ်။

ယူကရိန်း လေတပ်ရဲ့ အဆိုအရ ရုရှားရဲ့ ခရုစ် ဒုံးကျည်တွေဟာ ကုန်းတွင်းပိုင်းကရော၊ ရေပြင်ကပါ အရပ်မျက်နှာ ပေါင်းစုံက ပျံသန်း ဝင်ရောက်လာတာလို့ သိရပါတယ်။ နောက်ပြီး ပစ်မှတ်ကို ကိုယ်တိုင် အပျက်စီးခံပြီး ဝင်ရောက် တိုက်ခိုက်နိုင်တဲ့ ကာမီကာဇီ ဖောက်ခွဲရေး ဒရုန်းတွေလည်း ရောနှော ပါလာတယ်လို့ ဆိုပါတယ်။

ဆောင်းရာသီ ဝင်ရောက်လာချိန်မှာ ရုရှားဟာ ယူကရိန်းရဲ့ ဓာတ်အားပေး ကွန်ရက်တွေ အပါအဝင် အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတာကြောင့် လေကြောင်း ကာကွယ်ရေး စနစ်တွေ ပိုမို ထောက်ပံ့ပေးပို့ဖို့ ယူကရိန်း အစိုးရက အနောက်မဟာမိတ် နိုင်ငံတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook