Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား တာဝေးပစ် ICBMဒုံးကျည် စမ်းသပ်မှု ကျရှုံးခဲ့တယ်လို့ ယူဆရ

ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ဂျပန် လေပိုင်နက်ကို ဖြတ်မပျံခဲ့ကြောင်း ဂျပန် အစိုးရက အတည်ပြုခဲ့ပြီး ဂျပန် ကမ်းခြေစောင့်တပ်ကလည်း ဒုံးကျည်ဟာ ပင်လယ်ထဲက တစ်နေရာကို ကျဆင်းသွားခဲ့တယ်လို့ ကြေညာပါတယ်။

မြောက်ကိုရီးယား တာဝေးပစ် ICBMဒုံးကျည် စမ်းသပ်မှု ကျရှုံးခဲ့တယ်လို့ ယူဆရ
မြောက်ကိုရီးယား တာဝေးပစ် ICBMဒုံးကျည် စမ်းသပ်မှု ကျရှုံးခဲ့တယ်လို့ ယူဆရ

မြောက်ကိုရီးယားဟာ တာဝေးပျံသန်းတဲ့ တိုက်ချင်းပစ် ICBM မဟာဗျူဟာ ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်လွှတ်မှုမှာ အမှားတစ်ခုခု ကြုံခဲ့ဟန်ရှိကြောင်း တောင်ကိုရီးယားက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက မြောက်ကိုရီးယားဟာ တာဝေးပျံသန်းတဲ့ Hwasong-17 အမျိုးအစား ဒုံးကျည် ၁ စင်းနဲ့ တာတိုဒုံးကျည် ၂ စင်းကို အရှေ့ဖက် ကမ်းလွန်ဆီ ပစ်လွှတ်ခဲ့ပါတယ်။ တာဝေးပစ် ဒုံးကျည်ဟာ ဂျပန်ကို ဖြတ်ကျော် ပျံသန်းမယ့် အလားအလာမျိုး ရှိနေတာကြောင့် ဂျပန်အာဏာပိုင်တွေက နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသခံတွေကို အကာအကွယ် ယူထားကြဖို့ အရေးပေါ် နှိုးဆော်ခဲ့ပါသေးတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ဂျပန် လေပိုင်နက်ကို ဖြတ်မပျံခဲ့ကြောင်း ဂျပန် အစိုးရက အတည်ပြုခဲ့ပြီး ဂျပန် ကမ်းခြေစောင့်တပ်ကလည်း ဒုံးကျည်ဟာ ပင်လယ်ထဲက တစ်နေရာကို ကျဆင်းသွားခဲ့တယ်လို့ ကြေညာပါတယ်။

တောင်ကိုရီးယား အစိုးရရဲ့ အမည်ဖော်မပြတဲ့ အရာရှိ တစ်ဦးကတော့ ဒီဖြစ်စဉ်မှဟာ Hwason-17 ICBM ဒုံးကျည်ဟာ ဒုတိယအဆင့် ခွဲထွက်ချိန်မှာ အမှားအယွင်း တစ်ခုခုဖြစ်ပြီး ဂျပန်နဲ့ ကိုရီးယား ကျွန်းဆွယ်ကြား ပင်လယ်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ICBM ဒုံးကျည်တွေ စမ်းသပ်မှုကို ကုလသမဂ္ဂက တားမြစ်ထားပေမယ့် မြောက်ကိုရီးယားကတော့ အဲဒီတားမြစ်ချက်ကို ပြောင်ပြောင်တင်းတင်းပဲ ချိုးဖောက်နေဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စီမံကိန်းမှာ ခေတ်အမီဆုံး လက်နက်လို့ သတ်မှတ်ရမယ့် Hwasong-17 တစ်စင်းကို မတ်လ ၂၄ ရက်တုန်းက နောက်ဆုံးအကြိမ် စမ်းသပ်ခဲ့ဖူးပါတယ်။

နိုဝင်ဘာ ၃ ရက်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု အခြေအနေကို တောင်ကိုရီးယားနဲ့ ဂျပန်တို့က သတိကြီးကြီးနဲ့ စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်ကလည်း မြောက်ကိုရီးယားဟာ တစ်နေ့တာ စံချိန်တင် အရေအတွက်အဖြစ် တာတိုပစ် ဒုံးကျည် ၂၃ စင်းလောက်ကို ပစ်ခတ်ပြခဲ့ပါသေးတယ်။ အဲဒီထဲက ၁ စင်းဟာ ကိုရီးယားနှစ်နိုင်ငံ ရေပိုင်နက် နယ်ခြားမျဉ်းကို ကျော်ပြီး တောင်ကိုရီးယား ကမ်းလွန် ပင်လယ်ပြင်မှာ ကျဆင်းခဲ့တာကြောင့် တောင်ကိုရီးယားကလည်း ဒုံးကျည် ၃ စင်း ပစ်ခတ်ပြီး သတိပေး တုံ့ပြန်ခဲ့ပါတယ်။

အခုနောက်ဆုံး တာဝေးပစ်ဒုံးကျည် ပစ်ခတ်မှုကတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျောင်ဆွပ်နဲ့ ဝါရှင်တန်မှာ တွေ့ဆုံမယ့် အစီအစဉ် မတိုင်ခင် နာရီပိုင်း အလိုမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ ဒုံးကျည်တချို့ကို ပင်လယ်ပြင်ဖက်ဆီ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အနုမြူ (အက်တမ်မစ်) လက်နက် ထုတ်လုပ်နိုင်စွမ်းကို စိုးရိမ်စရာ အခြေအနေမျိုးထိ အကြီးအကျယ် ကြိုးစား မြှင့်တင်နေကြောင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်အဖွဲ့ ခေါင်းဆောင်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းတွေကို ဆန့်ကျင်ခဲ့ခြင်းဟာ ဂျပန်အနေနဲ့ အကြီးအကျယ် ရန်စတဲ့ လုပ်ရပ်မျိုး ကျူးလွန်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားခဲ့ပါတယ်။

Facebook