Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်က တောင်ကိုရီးယား ကမ်းလွန်ရေပြင်မှာကျဆင်း

ဒါ့အပြင် မြောက်ကိုရီးယားဟာ အခုနှစ် မကုန်ခင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်း ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်က တောင်ကိုရီးယား ကမ်းလွန်ရေပြင်မှာကျဆင်း
မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်က တောင်ကိုရီးယား ကမ်းလွန်ရေပြင်မှာကျဆင်း

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် တစ်စင်းဟာ တောင်ကိုရီးယား ကမ်းလွန် ရေပြင်ကို ကျရောက်ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မြောက်ကိုရီးယား အရှေ့ဖက် ကမ်းရိုးတန်းမှာရှိတဲ့ ဝန်ဆန် ဧရိယာကနေ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနက အတည်ပြုပါတယ်။ အဲဒီ ဒုံးကျည်ဟာ ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြား သတ်မှတ်ထားရာ နယ်နိမိတ်မျဉ်းကို ကျော်ပြီး တောင်ကိုရီးယား အရှေ့ဖက် ကမ်းလွန် ရေပြင်မှာ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဆီက ရန်စတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟူက ကြုံးဝါး ခြိမ်းခြောက်ပြီး နာရီပိုင်းလောက် အကြာမှာပဲ အခုလို ဒုံးကျည် ပစ်ခတ်မှုကို တွေ့မြင်ခဲ့ရတာလို့ တောင်ကိုရီးယားက ဆိုပါတယ်။

ချိုက လက်ရှိ တောင်ကိုရီးယား-ဂျပန်-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယား ကျွန်းဆွယ်ရဲ့ တင်းမာမှုတွေကို မြှင့်တင်ပေးနေပြီး အကျိုးဆက် အနေနဲ့ မျှော်မှန်းလို့ မရနိုင်တဲ့ လက်တုံ့ပြန်မှုတွေ ကြုံသွားနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ အခုနှစ်မှာ စံချိန်တင် အရေအတွက်ထိ ဒုံးကျည် အမျိုးအစားပေါင်းစုံကို စမ်းသပ် ပစ်ခတ်ခဲ့သလို အခုဆိုရင် တောင်ကိုရီးယား ကမ်းလွန် ရေပြင်ထိ မြောက်ကိုရီးယား ဒုံးကျည်တွေ ကျရောက်လာတာ နှစ်ကြိမ် ရှိလာပါပြီ။ အရင်က မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေဟာ နယ်စပ်မျဉ်းရဲ့ မြောက်ပိုင်းမှာသာ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ အခုနှစ် မကုန်ခင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook