သတင်း မုံရွာနမခအနီး ကာကင်းစခန်းအား PDFသိမ်းပိုက် တိုက်ပွဲကြာချိန် နာရီဝက်ခန့်အတွင်း ယင်းစခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ခန့် သေဆုံးကာ ငါးဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ULF စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။ LuduNwayOoဇွန် 12, 2024
သတင်း မုံရွာတွင် ကိုဝေမိုးနိုင်အပါအဝင် သပိတ်ခေါင်းဆောင်များ၊ တော်လှန်ရေးအဖွဲ့များအား ဖမ်းဆီးရန် အသွင်ယူထောက်လှမ်းနေသော ရဲတစ်ဦး ဖမ်းဆီးခံရ မေလ ၁၉ ရက်က မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းနေ အရပ်သားအသွင်ယူထားပြီး လွင်အမည်ဖြင့် ငါးပိထောင်းဆိုင်ဖွင့်ထားသည့် ရဲအရာခံဝင်းနိုင်အား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။ LuduNwayOoမေ 24, 2024
သတင်း မုံရွာတွင် စစ်တပ်က ပိတ်ဆို့တိုက်ခိုက်၍ PDF ရဲဘော်တစ်ဦး ကျဆုံး၊ ခဲယမ်းအချို့ ဆုံးရှုံး ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 27, 2024
သတင်း မန္တလေး နှင့် မုံရွာတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ပြုလုပ်မည့် အသံတိတ်သပိတ်ပျက်စေရန် ရည်ရွယ်၍ စစ်တပ်က အခမ်းအနားများ ပြုလုပ်ရန် စီစဥ်နေ လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။ LuduNwayOoဇန်နဝါရီ 31, 2024
သတင်း မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက် နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။ LuduNwayOoနိုဝင်ဘာ 27, 2023
သတင်း မုံရွာတွင် စစ်တပ်က ကြာဇံစက်သုံးခု မီးရှို့ပြီး စက်ရုံပိုင်ရှင်နှင့် အလုပ်သမားသုံးဦးသတ်ဖြတ်သွား ယမန်နေ့ (နိုဝင်ဘာ ၂၀)နံနက်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရစ်ကုန်း(မြောက်)ကျေးရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး-ပကဖ က ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 21, 2023
သတင်း မုံရွာ – မန္တလေးလမ်းပိုင်းအား PDFများ ယာယီပိတ်ထား မုံရွာ - မန္တလေးလမ်းနှင့် ရွှေဘို - မန္တလေးလမ်းပိုင်းများအား ည ၈နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်လည်း PDF များက သတိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း မုံရွာနမခအနီးရှိ စစ်ကောင်စီဂိတ်ကို PDF များတိုက်ခိုက် အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂)၊ အမှတ်(၃)၊ Special Ranger Force-SRFနှင့် အားမာန်သစ် local PDF အဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 5, 2023
သတင်း မုံရွာမြို့နယ်ရှိ သာစည်ရဲစခန်းဂိတ် ကို NPRF တိုက်ခိုက် စက်တင်ဘာ ၃၀ ရက်က မုံရွာမြို့နယ် သာစည်ကျေးရွာရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ် ဂိတ်အားအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် စခန်းမှူးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဝေလင်းက ပြောသည်။ LuduNwayOoအောက်တိုဘာ 3, 2023
သတင်း စစ်ကိုင်း၊ မုံရွာနှင့် ဝက်လက်နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စခန်းတို့အား တော်လှန်ရေးအဖွဲ့များတိုက်ခိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များ၊ (၆၀) မမ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။ LuduNwayOoစက်တင်ဘာ 30, 2023