Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် ဘုတလင်မြို့နယ်တို့တွင် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှင့် ဒေသခံပြည်သူများက (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ (ဇူလိုင် ၁၉)နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Special Regional Attacks Forces-Monywa

သုည/People’s Spring

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်နှင့် ဒေသခံပြည်သူများက (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ (ဇူလိုင် ၁၉)နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့နယ်တွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၂)ရဲဘော်များ၊ ပညာရေးဝန်ထမ်းနှင့် ကျောင်းသားများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကျဆုံးအာဇာနည်များ၏ ဓာတ်ပုံများ ကိုင်ဆောင်ချီတက်ခဲ့ပြီး ဂုဏ်ပြုအလေးပြုခြင်းကို လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းအခမ်းအနားကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ(၂)ရဲဘော်များ၊ Burma Liberation Democratic Front – BLDF နှင့် Special Regional Attacks Forces-Monywaမှ ရဲဘော်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင်လည်း သပိတ်အင်အားစုကဦးဆောင်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။