Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

(မုံရွာ - မန္တလေးလမ်းတွင် ယခုနှစ်ဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားချိန် ခရီးသည်ယာဥ်အချို့ စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းတွင် ယခုနှစ်ဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားချိန် ခရီးသည်ယာဥ်အချို့ စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၊ ငါးယှန်ကျေးရွာအနီးတွင် ယနေ့(ဇွန်လ ၃၀ရက်)နံနက်က တိုက်ပွဲဖြစ်ပွားပြီး ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နတ်ရေကန်ကျေးရွာ၌ အထိုင်ချထားသော မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ထောက်ပို့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲ ထပရ (၉၂၉)တပ်မှ စစ်ကောင်စီတပ်သားများသည်

ခရီးသည်တင်တစ်စီးအား တားဆီး၍ လိုက်ပါလာခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်သားများသည် ချောင်းဦးမြို့နယ်၊ငါးယှန်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ PDFရဲဘော်များကို ကားပေါ်မှ စတင်ပစ်ခတ်ခဲ့ရာ ငါးယှန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်တွင် ယာဉ်ပေါ်ပါ (၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

” ဆားလင်းကြီး၊ဒုန်းတောရွာက ၁ဦး ကားမှန်ကွဲစထိမှန်ဒဏ်ရာရတယ်။ ကံကုန်းရွာက တစ် ယောက်သေတယ်လို့သိရတယ်”ဟု ဒေသခံတစ် ဦးက ပြောသည်။

မည်သည့်ဘက်ကပစ်ခတ်မှုကြောင့် ခရီးသည်အမျိုးသမီးသေဆုံးခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ထို့အပြင် ဒေသတွင်း မည်သည့် PDF အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ကိုမူ မသိရသေးပေ။

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

အဆိုပါတိုက်ပွဲကြောင့် ခရီးသည်တင်ယာဥ်များ ရပ်တန့်ထားခဲ့ရပြီး ညနေ ၃နာရီခန့်တွင် လမ်းပိုင်းပြန်ပွင့်ခဲ့ကြောင်း ခရီးသွားယာဥ်မောင်းတစ်ဦးက ပြောပြသည်။

မုံရွာ-မန္တလေးလမ်း၌ စစ်ကောင်စီတပ်သားများအား PDF များက တိုက်ခိုက်နေပြီး ပြည်သူများ စစ်အုပ်စုနှင့်အနီးကပ် သွားလာနေထိုင်ခြင်းမပြုရန် ဒေသတွင်းPDFများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။