Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် ခင်ဦးတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူသုံးဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလဆန်းက စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးကျေးရွာမှပြည်သူအချို့ ထိခိုက်ဒဏ်ရာရ၍ ကယ်ထုတ်ခဲ့စဥ်။ဓာတ်ပုံ- မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၁ရက် နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့အဝင် မအူဂိတ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ၉ ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကာ နှစ်ဦးနေရာတင် သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ခင်ဦးမြို့နယ်တွင်လည်း ထိုနေ့ညနေပိုင်းက ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ် လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်း ရွာသစ်ကျေးရွာနေ (၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထိခိုက်မှုများဟာ ၁၀ဦးထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုများကြောင့် ခင်ဦးမြို့အနောက်ခြမ်းရှိ မြင်းကျ၊ဥယျာဉ်လေးနှင့် ကျွန်းတောကြီး ကျေးရွာတို့မှ ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကောင်စီတပ်သည် ​လေကြောင်းမှတဆင့် ရေဦးမြို့သို့အင်အားတိုးပြီး စစ်ကောင်စီတပ်သားများချိန်းခြင်း၊ လက်နက်ခဲယမ်းများပို့ဆောင်ခြင်းများ ပြုလုပ်သွားကြောင်း၊ ထိုသို့ပြုလုပ်နေချိန် လေကြောင်းပစ်ခတ်မှုရှိသော်လည်း ပြည်သူထိခိုက်မှုမရှိကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

စစ်ရှုံးစစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ အရှိန်မြင့်လုပ်ဆောင်လာ၍ ပြည်သူများ အသိသတိဖြင့်သွားလာနေထိုင်ကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။