Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် ခင်ဦးတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူသုံးဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလဆန်းက စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးကျေးရွာမှပြည်သူအချို့ ထိခိုက်ဒဏ်ရာရ၍ ကယ်ထုတ်ခဲ့စဥ်။ဓာတ်ပုံ- မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၁ရက် နံနက် ၉ နာရီခွဲခန့်က မုံရွာမြို့အဝင် မအူဂိတ်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ၉ ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ကာ နှစ်ဦးနေရာတင် သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ခင်ဦးမြို့နယ်တွင်လည်း ထိုနေ့ညနေပိုင်းက ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ် လက်နက်ကြီး နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခင်ဦးမြို့နယ်အနောက်ခြမ်း ရွာသစ်ကျေးရွာနေ (၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထိခိုက်မှုများဟာ ၁၀ဦးထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုများကြောင့် ခင်ဦးမြို့အနောက်ခြမ်းရှိ မြင်းကျ၊ဥယျာဉ်လေးနှင့် ကျွန်းတောကြီး ကျေးရွာတို့မှ ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကောင်စီတပ်သည် ​လေကြောင်းမှတဆင့် ရေဦးမြို့သို့အင်အားတိုးပြီး စစ်ကောင်စီတပ်သားများချိန်းခြင်း၊ လက်နက်ခဲယမ်းများပို့ဆောင်ခြင်းများ ပြုလုပ်သွားကြောင်း၊ ထိုသို့ပြုလုပ်နေချိန် လေကြောင်းပစ်ခတ်မှုရှိသော်လည်း ပြည်သူထိခိုက်မှုမရှိကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

စစ်ရှုံးစစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ အရှိန်မြင့်လုပ်ဆောင်လာ၍ ပြည်သူများ အသိသတိဖြင့်သွားလာနေထိုင်ကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးမြို့ပေါ်ကလမ်း​တွေမှာဇွန်လ၁၅ရက်နေ့စပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ပိုချထားပြီး စစ်တပ်ကလုံခြုံ​ရေးကို ပိုတင်းကြပ်လာပါတယ်။