Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှ စစ်ကောင်စီရေယာဉ်အုပ်စု အထက်ဆန်တက်

စစ်ကောင်စီရေယာဉ်အုပ်စုမှ ၁၇စီးထက်မနည်းသည် ယနေ့(ဩဂုတ် ၁ရက်)နံနက် စတင်ဆန်တက်လာခြင်းဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်သို့ လက်နက်၊ ရိက္ခာတင်ပို့သည့် စစ်ကောင်စီတပ် ရေယာဉ်တန်းကို ဧရာဝတီမြစ်အတွင်း ၂၀၂၂တွင် တွေ့ရစဉ်။ ဓာတ်ပုံ − Myo Hla PDF

သရဖူ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊အလုံမင်းထောင့်ဆိပ်ကမ်းမှ သင်္ဘောအစီးရေ ၂၀ခန့်ပါ စစ်ကောင်စီရေယာဉ်အုပ်စုချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာ၍ မြစ်ကမ်းဘေးတလျှောက်ကျေးရွာများ စစ်ကြောင်းအန္တရာယ်သတိပြုကြရန် ULF စစ်ကြောင်းအပါအဝင် အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်သည်။

စစ်ကောင်စီရေယာဉ်အုပ်စုမှ ၁၇စီးထက်မနည်းသည် ယနေ့(ဩဂုတ် ၁ရက်)နံနက် စတင်ဆန်တက်လာခြင်းဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” ၁၇စီးတိတိ ထွက်လာပြီ။ လက်နက်တွေတပ်ထားတယ်။ မြစ်ကြောင်းတလျှောက် ရွာတွေကတော့ ရှောင်ခိုင်းထားရပြီ”ဟု ULF စစ်ကြောင်းမှူးက ပြောသည်။

အဆိုပါ စစ်ကောင်စီရေယာဉ်များသည် ကနီမြို့သို့သွားရောက်မည်ဟု ကနဦးသတင်းရထားသည် ဟု ပြည်သူ့ကာကွယ်ရေရဲဘော်အချို့ကပြောသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ကနီမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ စတင် တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

” အခုက မိုးဖွဲတွေကျနေတယ်။ မိုးရွာလာနိူင်တယ်။ မိုးကျလာရင် ပိုပြီးအခက်အခဲရှိပါတယ်။ ဒါပေမယ့် ရမ်းသမ်းပစ်ခတ်တတ်တာမို့ ရအောင် ရှောင်ရတာပါပဲ”ဟု ကနီမြို့မှဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ချင်းတွင်းမြစ်ကြောင်းမှတဆင့် မုံရွာ၊ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း မြို့များသို့ ဆန်တက်ပြီး လမ်းကြောင်းတလျှောက် စစ်ကောင်စီစခန်းများသို့ လူနှင့် လက်နက်၊ ရိက္ခာများ ပို့သည်။ ပြန်အဆင်းတွင် သစ်လုံးနှင့် ကျောက်စိမ်းတုန်းများ ပြန်လည်သယ်ယူလေ့ရှိသည်။

အဆိုပါ ရေယာဉ်အုပ်စုများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ကြပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိသည်။

ယခင်က ထိုသို့ ဆန်တက်စဉ် စစ်ကောင်စီ မြေပြင်စစ်ကြောင်းက လုံခြုံရေးယူပေးလေ့ရှိသော်လည်း ယခုအကြိမ်၌ မြေပြင်စစ်ကြောင်းပါမလာဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။