Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် ကိုဝေမိုးနိုင်အပါအဝင် သပိတ်ခေါင်းဆောင်များ၊ တော်လှန်ရေးအဖွဲ့များအား ဖမ်းဆီးရန် အသွင်ယူထောက်လှမ်းနေသော ရဲတစ်ဦး ဖမ်း​ဆီးခံရ

မေလ ၁၉ ရက်က မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းနေ အရပ်သားအသွင်ယူထားပြီး လွင်အမည်ဖြင့် ငါးပိထောင်းဆိုင်ဖွင့်ထားသည့် ရဲအရာခံဝင်းနိုင်အား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။

(ဖမ်းဆီးရမိသောရဲအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာပလဖ)
(ဖမ်းဆီးရမိသောရဲအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုဝေမိုးနိုင် အပါ အဝင် သပိတ်ခေါင်းဆောင်များ၊တော်လှန်ရေးအဖွဲ့များ၊ ထောက်ပို့များအား ဖမ်းဆီးရန် ငါးပိထောင်းဆိုင်ဖွင့်၍ ပြည်သူအသွင်ယူ သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီ၏ ရဲတစ်ဦးအား ဖမ်း​ဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မေလ ၁၉ ရက်က မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းနေ အရပ်သားအသွင်ယူထားပြီး လွင်အမည်ဖြင့် ငါးပိထောင်းဆိုင်ဖွင့်ထားသည့် ရဲအရာခံဝင်းနိုင်အား မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။

၎င်းသည် မုံရွာမြို့ရှိ ရတနာပုံ၊ ချမ်းမြသာစည်၊ လယ်တီရပ်စသည့် ရပ်ကွက်သုံးခုရှိ သပိတ်စစ်ကြောင်း၊ သပိတ်ခေါင်းဆောင်သတင်း၊ ငွေကြေးချမ်းသာသူများ၏ နောက်ကြောင်းရာဇဝင်စုံစမ်းခြင်း၊ တော်လှန်ရေးရဲဘော်များအား ကူညီပံ့ပိုးနေသူများအား စုံစမ်းခြင်း၊ တော်လှန်ရေးရဲဘော်များ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာခြင်းများအား အရပ်သားတစ်ဦးအဖြစ် အသွင်ယူကာ သတင်းထောက်လှမ်း၍ မုံရွာခရိုင်ရုံးရှိ ရဲအုပ်ကျော်ကျော်မိုးထံ ဖုန်းဖြင့်လည်းကောင်း၊ ဆိုင်တစ်ဆိုင်၌ လူချင်းချိန်းဆို၍လည်းကောင်း သတင်းပေးရကြောင်း မုံရွာပလဖက စုံစမ်းသိရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရဲသည် ၂၀၂၂တွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ဖမ်းဆီးရန် သတင်းထောက်လှမ်းပေးခဲ့၍ ကိုဝေမိုးနိုင်မှာ သာစည်လမ်းတွင် စရဖက ဖမ်းဆီးနိုင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုလမ်း ဒေါနခြံရပ်ကွက်နေ ဒီချုပ်လွှတ်တော်အမတ် ဦးမောင်တာအား ဖမ်းဆီးနိုင်ရန် သတင်းထောက်လှမ်းပေးခဲ့ပြီး ချိတ်ပိတ်ခဲ့သည်။

အလားတူ သာစည်လမ်း အမှတ်(၁)လမ်းထိပ်ရှိ စိန်ဂျော်ကာ ဖိနပ်ဆိုင်ပိုင်ရှင်အား ဖမ်းဆီးနိုင်ရေး သတင်းထောက်လှမ်းပေးခဲ့ပြီး ဝင်ရောက်ဖမ်းဆီးစဥ် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု စွပ်စွဲဖမ်းဆီးခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ရှိ ကျပ်သိန်း ၅၀၀ ခန့်အားသိမ်းယူခဲ့ပြီး လူအား ငွေဖြင့်ထပ်မံရွေးခိုင်းခဲ့ကြောင်း ၎င်း၏ ထွက်ဆိုချက်များအား မုံရွာပလဖက ထုတ်ပြန်သည်။

ထို့အပြင် ၎င်း၏စုံစမ်းမှုဖြင့် သပိတ်အဖွဲ့အား ထောက်ပံ့နေသော ရတနာပုံရပ်ကွက်ရှိ ကောင်းစစ်မိုးအပါအဝင် ခြောက်ဦးအားလည်းကောင်း၊ ယင်းရပ်ကွက်နေ မဆွေမာဦးအား လည်းကောင်း၊ ကျောက်ကျင်းရပ်နေ မအိအိဖြူအားလည်းကောင်း စစ်တပ်က ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ငွေကြေးချမ်းသာသူများအား ဖမ်းဆီး၍ ငွေဖြင့်ပြန်ရွေးခိုင်းရာတွင် ၎င်း၏အထက်လူကြီးများက ၎င်းအား ရရှိငွေ၏ ၃၀ ရာခိုင်နှုန်း ခွဲဝေပေးကြောင်း ထပ်မံသိရှိရသည်။

ထို့အပြင် သစ်စက်၊ သံတိုသံစရောင်းဝယ်ရေး၊ နှစ်လုံးသုံးလုံးရောင်းသူ သုံးဦးတို့ထံမှ တစ်လသုံးသောင်းနှုန်းကောက်ခံပေးကြောင်း၊ ငွေကြေးချမ်းသာသူများ​၏ စာရင်းကိုလည်း ပြုစုထားရာ ချမ်းမြသာစည်ရပ်ကွက် နေဇာလမ်းနေချည်မျှင်လုပ်ငန်းလုပ်ကိုင်သူ အုပ်ချုပ်ရေးမှူးဟောင်း၊ ထိုရပ်ကွက်ရှိ ဖမ်းဆီးခံရသူရဲနေအိမ်ဘေးရှိ ခန့်ညားကုန်စုံဆိုင်ပိုင်ရှင်၊ သာစည်စျေးအနီးရှိ ဇော်ပရိဘောဂ ဆိုင်ပိုင်ရှင် ကိုမြင့်ဇော်၊ သာစည်လမ်းဘေးရှိ ထိုက်ဆေးဆိုင်ပိုင်ရှင်တို့အား အထက်သို့ စာရင်းပို့ထားပြီး ငွေကြေးလိုအပ်သည့်အခါ ၎င်းတို့အားဖမ်း​ဆီး၍ တော်လှန်ရေးရဲဘော်များနှင့် ပတ်သက်သည်ဟု အကြောင်းပြဖမ်းဆီး၍ ငွေဖြင့်လဲလှယ်မည်ဟု သိရကြောင်း ဖမ်းဆီးခံရသည့်ရဲက မုံရွာပလဖထံ ဝန်ခံထားသည်။

၎င်းသည် ၂၀၂၁ကတည်းက မုံရွာခရိုင် မှူခင်းဌာန တွဲဘက်တာဝန်ကျပြီး ရဲအရာခံရာထူးဖြင့် ပြည်သူတစ်ဦး အသွင်ယူကာ သပိတ်အဖွဲ့သတင်း၊ တော်လှန်ရေးအဖွဲ့၊ ထောက်ပို့လုပ်ငန်းရှင်များ ဖမ်းဆီးနိုင်ရေး သတင်းထောက်လှမ်းစုံစမ်းခဲ့ကြောင်း၊ ပူးတွဲတာဝန်ကျသူမှာ မုံရွာခရိုင် မှူခင်းဌာနမှတပ်ကြပ်ကြီး ဟန်ဝင်းအောင်ဖြစ်ကြောင်း၊ ဟန်ဝင်းအောင်မှာ ထန်းတောနှင့်မုံရွာတောင်ရပ်ကွက်များ၌ သတင်းထောက်လှမ်းနေသူဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

၎င်းအား မုံရွာပလဖ ဒုတာဝန်ခံ ကိုသီဟနှင့် ရပ်ကျေးပလဖဒုတာဝန်ခံတို့ မုံရွာမြို့အတွင်းသွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်မှတ်ထားခံရသူများအနေဖြင့် လုံခြုံရေး အသိသတိဖြင့် နေထိုင်ကြရန် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တိုက်တွန်းထားသည်။

ထပ်မံရရှိ​သော သတင်းအရ ထိုဖြစ်စဥ်နှင့်ပတ်သက်၍ Facebook လူမှုကွန်ရက်တွင်​မေ ၂၄ ရက် ညပိုင်း၌Khin San Lwin ဟုအမည်ရသည့် အမျိုးသမီးအကောင့်တခုက ဖမ်းဆီးခံရသူ ၎င်း၏ ခင်ပွန်းမှာ ရဲအဖြစ်မှ ပသ်စင်မယူဘဲ နှုတ်ထွက်ထားသည်မှာ ၃ နှစ်ကျော်ပြီဟု ရေးသားထားသည်။ ထို့အပြင်ဖမ်းသွာားသူများက ကျပ်သိန်း ၂၀၀ဖြင့် ရွေးခိုင်းသည်ဟုလည်း စွပ်စွဲရေးသားထားသည်။ အဆိုပါ​ရေးသားချက်နှင့် ပက်သက်၍ မုံရွာပလဖ သို့ ​မေးမြန်းရန် People’s Spring က ဆက်သွယ်​နေဆဲဖြစ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။