Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ဈေးအတွင်းကျပေါက်ကွဲ၍ ပြည်သူ ၁၁ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ထနောင်းတောတောင်ကျေးရွာရှိ ဈေအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်သူအမျိုးသမီးတစ်ဦးအား သယ်ဆောင် လာသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ထနောင်းတောတောင်ကျေးရွာရှိ ဈေအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ (ဩဂုတ် ၁၃ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်သည် မုံရွာမြို့အဝင် မအူဂိတ်မှ (၆၀)မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ရာ မုံရွာ – အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာရှိ စျေးတန်းအလယ်ကျရောက်ခဲ့ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“မအူဂိတ်ကကောင်တွေက ရူးကြောင်မူးကြောင်နဲ့ပစ်တာ။ အလောင်းတွေကို ပြန့်ကြဲနေတာပဲ။ ညနေထိကို မကောက်ရသေးဘူးပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးထိခိုက်ဒဏ်ရာရသူများတွင် ကုန်စိမ်းစျေးသည်များ၊ စျေးဝယ်သူများလည်းပါဝင်ကြောင်း၊ ထို့အပြင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်၁၀ရက်နှင့် ၁၁ရက်ကလည်း မအူရွာဂိတ်မှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ဦးထိမှန်ခဲ့ပြီး နှစ်ဦး​ သေဆုံးခဲ့သေးသည်။

မုံရွာ – အမြင့်လမ်းဘေးရှိကျေးရွာများသည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ခံနေရပြီး ထိခိုက်သေဆုံးသူ တစ်ရာကျော်ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။