သတင်း
စစ်အာဏာရှင်တွေဟာ တရားလက်မဲ့ သတ်ဖြတ်မှုတွေ၊ ဖိနှိပ် ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေကို အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား ကျူးလွန်နေတယ်လို့ HRWရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ် ချာဘွန်နျူက ပြောပါတယ်။
Hi, what are you looking for?
စစ်အာဏာရှင်တွေဟာ တရားလက်မဲ့ သတ်ဖြတ်မှုတွေ၊ ဖိနှိပ် ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေကို အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား ကျူးလွန်နေတယ်လို့ HRWရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ် ချာဘွန်နျူက ပြောပါတယ်။
အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတွေ ဖြေရှင်းရာမှာ မစွမ်းဆောင်နိုင်ခဲ့တာကိုလက်ခံရမယ်လို့ HRW က အဲဒီစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ဦးဆောင်ကာ အာဆီယံနိုင်ငံများသည် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီမည်အစား မြန်မာပြည်သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို ကာကွယ်ရန် ပြောင်းလဲအာရုံစိုက်သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ချက်ချက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်မှာ ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီဟာ စစ်ကောင်စီအရာရှိ ၈ ဦးကို လက်ခံခဲ့တယ်လို့ HRW က ဆိုထားပါတယ်။
"ပြည်သူတွေအပေါ် အခုလိုတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပြီး ဒါတွေအတွက် တာဝန်ရှိသူတွေဟာ အရေးယူခံရသင့်ပါတယ်"လို့ HRW အာရှဒါရိုက်တာ Brad Adams က ပြောပါတယ်။