Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးထားတဲ့ကရင်ရွာသား၂၆ ဦးကိုမြန်မာဖက်ပြန်မပို့ဖို့ ထိုင်းကို HRW တောင်းဆို

ကရင်တိုင်းရင်းသား ၂၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးထားဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Thai Enquirer

သြဂုတ် – ၂၁ ၊၂၀၂၆

ကရင်တိုင်းရင်းသား ၂၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးထားဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့တုန်းက ဖက်ချာဘူရီ ပြည်နယ်ထဲက ကန်ကရာချန် သဘာဝ သစ်တောဧရိယာနားက ဘန်ပါဒန် ကျေးရွာမှာ နေထိုင်တဲ့ ကရင်လူ့အဖွဲ့အစည်း တစ်ခုကို ပစ်မှတ်ထားတဲ့ စီးနင်းမှု တစ်ခုကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ စီးနင်းမှုဟာ ထိုင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးရှစ် ဦးနဲ့ ကိုယ်ဝန်ဆောင် နှစ် ဦးအပါအဝင် စုစုပေါင်း ကရင်တိုင်းရင်းသား ၂၈ ဦး အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာတော့ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားတွေ တင်ပြနိုင်သူ နှစ် ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့ ၂၆ ဦးကတော့ ဘန်ကောက်မှာရှိတဲ့ ဆွမ်ဖလူ လူဝင်မှု ကြီးကြပ်ရေး အချုပ်စခန်းဆီ လွှဲပြောင်းခံရပြီး မြန်မာနိုင်ငံဖက် ပို့ဆောင်ခံရမယ့် အခြေအနေ ရှိနေပါတယ်။

HRWကတော့ ကရင်ရွာသားတွေကို မြန်မာနိုင်ငံဖက် အတင်းအကျပ် ပြန်လည် ပို့ဆောင်တာက အရမ်းဆိုးရွားတဲ့ အန္တရာယ်ထဲ ကျရောက်သွားစေနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ သူတို့တွေကို မြန်မာဖက် နှင်ထုတ်လိုက်မယ်ဆိုရင် အန္တရာယ် များလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ HRWရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ အီလိန်းပီယာဆန်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဖက်မှာ အာဏာသိမ်း စစ်တပ်ဟာ အရပ်သား ပြည်သူတွေအပေါ် အစုလိုက် သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ ထင်သလို ဖမ်းဆီးတာတွေ အပါအဝင် တရားလက်မဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်နေကြောင်း၊ လူပေါင်း နှစ်သန်းလောက်ဟာ ပြည်တွင်းမှာ စစ်ရှောင်နေရပြီး နောက်ထပ် တစ်သိန်းကျော်က အိမ်နီးချင်း နိုင်ငံတွေမှာ ထွက်ပြေး ခိုလှုံနေရကြောင်း ပြောပါတယ်။

ဒေသခံ ရပ်မိရပ်ဖတွေကတော့ ထိုင်းအစိုးရ အာဏာပိုင်တွေဟာ ကန်ကရာချန် တဝိုက်မှာရှိတဲ့ အထောက်အထားမဲ့ နေထိုင်သူ ကရင်ရွာသားတွေကို တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေအဖြစ် မကြာသေးခင်က စတင်သတ်မှတ်ထားကြောင်း ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က မြန်မာဖက်ကို နယ်နှင်ခံလိုက်ရသူ ရွာသား ၁၀ ဦးရဲ့ အကြောင်းကလည်း အခုထိ ဘာသတင်းမှ မရဘူးလို့ သိရပါတယ်။

လက်ရှိ ထိန်းသိမ်းထားတဲ့ ကရင်ရွာသား ၂၆ ဦးကို နှင်ထုတ်ခြင်းဟာ ကုလသမဂ္ဂရဲ့ ညှင်းပန်းနှိပ်စက်မှု တားဆီးရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ထိုင်းအစိုးရရဲ့ ကတိကဝတ်တွေကို ချိုးဖောက်မှု ဖြစ်လာလိမ့်မယ်လို့ HRWက သတိပေး ထောက်ပြခဲ့ပါတယ်။

ကန်ကရာချန် သဘာဝ ဥယျာဉ်ဇုန်အဖြစ် သတ်မှတ်ထားရာ သစ်တော ဧရိယာဟာ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာ ထည့်သွင်း မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သဘာဝ ဥယျာဉ် သတ်မှတ် ဧရိယာမှာ ကရင် အသိုက်အဝန်းတွေ အပါအဝင် လူသားတွေ ဝင်ရောက် အခြေချ နေထိုင်မှုကို ထိုင်းအာဏာပိုင်တွေက တားမြစ် ပိတ်ပင်ခဲ့ပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

တနင်္သာရီတိုင်း၊ခမောက်ကြီးမြို့နယ်မှာစစ်တပ်စစ်ကြောင်း ဝင်လာလို့ကြောက်လန့်ပြီး ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတဲ့ စက်လှေ တိမ်းမှောက်ပြီးဒေသခံနှစ်ဦးသေဆုံးသွားတယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

Trending

Facebook