Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်နေကြောင်း HRWပြော

စစ်ကောင်စီက အထူးခုံရုံးလို့ နာမည်တပ်ထားတဲ့ တရားခွင်တွေမှာ ခုခံလျှောက်လဲတဲ့ဖက်က ရှေ့နေတွေဟာ ကိုယ်တိုင် အချိန်မရွေး ထောင်ကျသွားနိုင်တယ်ဆိုတဲ့ ဖိစီးမှုမျိုးနဲ့ အလုပ်လုပ်နေရလေ့ ရှိတယ်လို့ HRWက တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်နေကြောင်း HRWပြော
နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်နေကြောင်း HRWပြော

နိုင်ငံရေး အကျဉ်းသားတွေအတွက် ဥပဒေ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေအပြင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖမ်းဆီးမှုတွေကိုပါ ခံနေရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်မှာ ဒီမိုကရေစီ အစိုးရကို လက်နက်ကိုင် ဖြုတ်ချပြီး အာဏာသိမ်းခဲ့ချိန် ကတည်းက စစ်ကောင်စီဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းဖို့ အားထုတ်ခဲ့သလို လူပေါင်း သောင်းဂဏန်းလောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ပြိုင်ဘက်တွေကို ဒုက္ခပေးဖို့အတွက် တရားရုံးတွေကို လက်နက်အဖြစ် အသုံးချခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြားဟာ စစ်ကောင်စီ ညွှန်ကြားတဲ့ တံခါးပိတ် တရားခွင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေ စီရင်ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် ဖမ်းဆီးခံ ဒီမိုကရေစီ ဘက်တော်သားတွေအတွက် အမှုရင်ဆိုင် လျှောက်လဲပေးမယ့် ရှေ့နေတွေလည်း အရမ်းနည်းသွားပြီလို့ ရှေ့နေ ၁၉ ဦးနဲ့ တွေ့ဆုံခဲ့တဲ့နောက် HRWက အစီရင်ခံ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီက အထူးခုံရုံးလို့ နာမည်တပ်ထားတဲ့ တရားခွင်တွေမှာ ခုခံလျှောက်လဲတဲ့ဖက်က ရှေ့နေတွေဟာ ကိုယ်တိုင် အချိန်မရွေး ထောင်ကျသွားနိုင်တယ်ဆိုတဲ့ ဖိစီးမှုမျိုးနဲ့ အလုပ်လုပ်နေရလေ့ ရှိတယ်လို့ HRWက တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

အမှန်တရားအတွက် ကိုယ်စားမပြုခင် ကိုယ်တိုင် အဖမ်းခံရမလား ဆိုတာကို အချိန်ပြည့် စိုးရိမ်နေရကြောင်း၊ တရားခွင်မှာ ရှိနေသူ အားလုံးက သူဘယ်သူလဲဆိုတာ သိထားပြီး စစ်ကောင်စီရဲ့ အချိန်မရွေး ဖမ်းဆီးမှုကို ခံလိုက်ရနိုင်ကြောင်း အဲဒီ ရှေ့နေက ဆိုပါတယ်။

HRWက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ပုဂ္ဂိုလ်တချို့အတွက် ကူညီပေးနေရင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် အဖမ်းခံခဲ့ရတဲ့ ကိစ္စကိုလည်း ထောက်ပြသွားပါတယ်။ ဒေါ်ရွက်နုအောင်ဟာ ကြားနာမှု တစ်ခုကနေ အပြန်မှာ အဖမ်းခံခဲ့ရတဲ့နောက် တော်လှန်ရေး အင်အားစုတွေကို ငွေကြေး ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွဲချက်အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ရှေ့နေတွေဟာ တရားခွင် မစခင် ကိုယ့်အမှုသည်နဲ့ လျှို့ဝှက် ဆွေးနွေးတိုင်ပင်ခွင့် မရှိသလို လူအင်အား မလုံလောက်တာကြောင့် တချို့ဟာ အမှုပေါင်း ရာနဲ့ချီ ကိုင်တွယ်ရမလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက်က တင်သွင်းထားတဲ့ သက်သေတွေကို ခုခံလျှောက်လဲတဲ့ဘက်က ရှေ့နေတွေက ဘယ်လိုမှ ချေဖျက်လို့ မရနိုင်မှန်း ကြိုတင် နားလည်ထားရပြီး စွပ်စွဲခံရသူတွေအတွက် အာမခံတောင် လျှောက်ထားပေးလို့ မရကြောင်း တခြားရှေ့နေ တစ်ဦးက ပြောပါတယ်။

HRWနဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေ ၁၉ ဦး စလုံးက သူတို့ဟာ စစ်ကောင်စီရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ခြိမ်းခြောက်တာမျိုးတွေနဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်တာတွေကို ခံခဲ့ရကြောင်း အတည်ပြုပါတယ်။ ဒီအခြေအနေကြောင့် တချို့ဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကို လက်ခံကိုင်တွယ်ပေးတာတွေကို လက်လျှော့လိုက်ကြောင်းလည်း HRWက ဆိုပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီ အလိုကျ စီရင် ဆုံးဖြတ်နေတဲ့ တရားရုံး တစ်ခုဟာ ထင်ရှားတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ဆယ်စုနှစ်တွေ အတော်များများအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး လက်တွေ့ သေဒဏ်စီရင်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြပြီး ပြည်ပနိုင်ငံတွေကနေ ဝင်ရောက်စွက်ဖက်တာကိုလက်မခံဖို့အတွက်တရုတ်နဲ့ မြန်မာစစ်ကောင်စီတို့ မနေ့ (ဒီဇင်ဘာလ ၁၂ ရက်)က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။