Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်နေကြောင်း HRWပြော

စစ်ကောင်စီက အထူးခုံရုံးလို့ နာမည်တပ်ထားတဲ့ တရားခွင်တွေမှာ ခုခံလျှောက်လဲတဲ့ဖက်က ရှေ့နေတွေဟာ ကိုယ်တိုင် အချိန်မရွေး ထောင်ကျသွားနိုင်တယ်ဆိုတဲ့ ဖိစီးမှုမျိုးနဲ့ အလုပ်လုပ်နေရလေ့ ရှိတယ်လို့ HRWက တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်နေကြောင်း HRWပြော
နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရှေ့နေတွေကို စစ်ကောင်စီ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေလုပ်နေကြောင်း HRWပြော

နိုင်ငံရေး အကျဉ်းသားတွေအတွက် ဥပဒေ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေ၊ ဖိအားပေးမှုတွေအပြင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖမ်းဆီးမှုတွေကိုပါ ခံနေရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က သတိပေး ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်မှာ ဒီမိုကရေစီ အစိုးရကို လက်နက်ကိုင် ဖြုတ်ချပြီး အာဏာသိမ်းခဲ့ချိန် ကတည်းက စစ်ကောင်စီဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းဖို့ အားထုတ်ခဲ့သလို လူပေါင်း သောင်းဂဏန်းလောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် စစ်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ပြိုင်ဘက်တွေကို ဒုက္ခပေးဖို့အတွက် တရားရုံးတွေကို လက်နက်အဖြစ် အသုံးချခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူ အများအပြားဟာ စစ်ကောင်စီ ညွှန်ကြားတဲ့ တံခါးပိတ် တရားခွင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေ စီရင်ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် ဖမ်းဆီးခံ ဒီမိုကရေစီ ဘက်တော်သားတွေအတွက် အမှုရင်ဆိုင် လျှောက်လဲပေးမယ့် ရှေ့နေတွေလည်း အရမ်းနည်းသွားပြီလို့ ရှေ့နေ ၁၉ ဦးနဲ့ တွေ့ဆုံခဲ့တဲ့နောက် HRWက အစီရင်ခံ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီက အထူးခုံရုံးလို့ နာမည်တပ်ထားတဲ့ တရားခွင်တွေမှာ ခုခံလျှောက်လဲတဲ့ဖက်က ရှေ့နေတွေဟာ ကိုယ်တိုင် အချိန်မရွေး ထောင်ကျသွားနိုင်တယ်ဆိုတဲ့ ဖိစီးမှုမျိုးနဲ့ အလုပ်လုပ်နေရလေ့ ရှိတယ်လို့ HRWက တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။

အမှန်တရားအတွက် ကိုယ်စားမပြုခင် ကိုယ်တိုင် အဖမ်းခံရမလား ဆိုတာကို အချိန်ပြည့် စိုးရိမ်နေရကြောင်း၊ တရားခွင်မှာ ရှိနေသူ အားလုံးက သူဘယ်သူလဲဆိုတာ သိထားပြီး စစ်ကောင်စီရဲ့ အချိန်မရွေး ဖမ်းဆီးမှုကို ခံလိုက်ရနိုင်ကြောင်း အဲဒီ ရှေ့နေက ဆိုပါတယ်။

HRWက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ပုဂ္ဂိုလ်တချို့အတွက် ကူညီပေးနေရင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် အဖမ်းခံခဲ့ရတဲ့ ကိစ္စကိုလည်း ထောက်ပြသွားပါတယ်။ ဒေါ်ရွက်နုအောင်ဟာ ကြားနာမှု တစ်ခုကနေ အပြန်မှာ အဖမ်းခံခဲ့ရတဲ့နောက် တော်လှန်ရေး အင်အားစုတွေကို ငွေကြေး ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွဲချက်အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

ရှေ့နေတွေဟာ တရားခွင် မစခင် ကိုယ့်အမှုသည်နဲ့ လျှို့ဝှက် ဆွေးနွေးတိုင်ပင်ခွင့် မရှိသလို လူအင်အား မလုံလောက်တာကြောင့် တချို့ဟာ အမှုပေါင်း ရာနဲ့ချီ ကိုင်တွယ်ရမလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဖက်က တင်သွင်းထားတဲ့ သက်သေတွေကို ခုခံလျှောက်လဲတဲ့ဘက်က ရှေ့နေတွေက ဘယ်လိုမှ ချေဖျက်လို့ မရနိုင်မှန်း ကြိုတင် နားလည်ထားရပြီး စွပ်စွဲခံရသူတွေအတွက် အာမခံတောင် လျှောက်ထားပေးလို့ မရကြောင်း တခြားရှေ့နေ တစ်ဦးက ပြောပါတယ်။

HRWနဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေ ၁၉ ဦး စလုံးက သူတို့ဟာ စစ်ကောင်စီရဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ခြိမ်းခြောက်တာမျိုးတွေနဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်တာတွေကို ခံခဲ့ရကြောင်း အတည်ပြုပါတယ်။ ဒီအခြေအနေကြောင့် တချို့ဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကို လက်ခံကိုင်တွယ်ပေးတာတွေကို လက်လျှော့လိုက်ကြောင်းလည်း HRWက ဆိုပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီ အလိုကျ စီရင် ဆုံးဖြတ်နေတဲ့ တရားရုံး တစ်ခုဟာ ထင်ရှားတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ဖို့ အမိန့်ချမှတ်ခဲ့ပြီး ဆယ်စုနှစ်တွေ အတော်များများအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး လက်တွေ့ သေဒဏ်စီရင်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။