Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးမှာအာဆီယံရဲ့ ကျရှုံးနေတဲ့ဘုံသဘောတူညီချက်ကို ပစ်ပယ်ရေးအမေရိကန်ဖိအားပေးဖို့ HRW အကြံပြု

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတွေ ဖြေရှင်းရာမှာ မစွမ်းဆောင်နိုင်ခဲ့တာကိုလက်ခံရမယ်လို့ HRW က အဲဒီစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

Photo - Stefani Reynolds/The New York Times

မနက်ဖြန်မှာကျင်းပမယ့် အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေသအတွင်းဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခြေအနေတွေကို တိုက်ရိုက်ဆွေးနွေးရင်ဆိုင်ဖို့မရှိရင် အာဏာသိမ်းခေါင်းဆောင်ကို အားပေးအားမြှောက်ရာ ရောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီး(HRW) က ပြောလိုက်ပါတယ်။

HRW က ထိပ်သီးညီလာခံကို လက်ခံကျင်းပတဲ့ အမေရိကန်သမ္မတ ဘိုင်ဒန် ထံ စာတစ်စောင်ရေးသားပေးပို့ ခဲ့ပြီး အသိပေးထားတာပါ။

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတွေ ဖြေရှင်းရာမှာ မစွမ်းဆောင်နိုင်ခဲ့တာကိုလက်ခံရမယ်လို့ HRW က အဲဒီစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

ထိပ်သီးတွေ့ဆုံပွဲမှာ ဘိုင်ဒန်အစိုးရအနေနဲ့ အာဆီယံရဲ့အနာဂတ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ မူတည်တယ်ဆိုတာ အာဆီယံ ခေါင်းဆောင်တွေ ယုံကြည်လာအောင် ဆောင်ရွက်ဖို့လိုတယ်လို့ HRW ရဲ့ အာရှဆိုင်ရာအကြံပေး John Sifton က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အမေရိကန် − အာဆီယံ ဆက်ဆံရေးဟာ ရိုးသားဖို့နဲ့ဒေသတွင်းဆိုးရွားလာတဲ့လူ့အခွင့်အရေးအခြေအနေနဲ့ ဒီမိုကရေစီနောက်ပြန်လန်ကျနေတာတွေ တိုက်ရိုက်ကိုင်တွယ်ဖို့ လိုတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာအကြံပေး John Sifton က ဆိုပါတယ်။

အာဆီယံဒေသတွင်းမှာ အာဏာကို အလုံးစုံထိန်းချုပ်အုပ်ချုပ်တဲ့အော်တိုကရက်တွေကြီးထွားလာတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကာကွယ်ပေးမှုအပေါ် တရုတ်အစိုးရရဲ့ဟန့်တားမှုတွေကြောင့် HRW က ပြောထားပါတယ်။

ဒါအပြင်အမေရိကန်အနေနဲ့အာဆီယံအဖွဲ့ဝင်တွေကို မြန်မာ့အရေး ဖြေရှင်းရာမှာ သူတို့ရဲ့ မအောင်မြင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်ခွာဖို့အတွက် ဖိအားပေးသင့်တယ်လို့လည်း HRW ကအကြံပြုထားတာတွေ့ပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်မယ့်အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီကိုဖိတ်ကြားတာမရှိပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။