Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးမှာအာဆီယံရဲ့ ကျရှုံးနေတဲ့ဘုံသဘောတူညီချက်ကို ပစ်ပယ်ရေးအမေရိကန်ဖိအားပေးဖို့ HRW အကြံပြု

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတွေ ဖြေရှင်းရာမှာ မစွမ်းဆောင်နိုင်ခဲ့တာကိုလက်ခံရမယ်လို့ HRW က အဲဒီစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

Photo - Stefani Reynolds/The New York Times

မနက်ဖြန်မှာကျင်းပမယ့် အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေသအတွင်းဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခြေအနေတွေကို တိုက်ရိုက်ဆွေးနွေးရင်ဆိုင်ဖို့မရှိရင် အာဏာသိမ်းခေါင်းဆောင်ကို အားပေးအားမြှောက်ရာ ရောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီး(HRW) က ပြောလိုက်ပါတယ်။

HRW က ထိပ်သီးညီလာခံကို လက်ခံကျင်းပတဲ့ အမေရိကန်သမ္မတ ဘိုင်ဒန် ထံ စာတစ်စောင်ရေးသားပေးပို့ ခဲ့ပြီး အသိပေးထားတာပါ။

အာဆီယံ ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတွေ ဖြေရှင်းရာမှာ မစွမ်းဆောင်နိုင်ခဲ့တာကိုလက်ခံရမယ်လို့ HRW က အဲဒီစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

ထိပ်သီးတွေ့ဆုံပွဲမှာ ဘိုင်ဒန်အစိုးရအနေနဲ့ အာဆီယံရဲ့အနာဂတ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ မူတည်တယ်ဆိုတာ အာဆီယံ ခေါင်းဆောင်တွေ ယုံကြည်လာအောင် ဆောင်ရွက်ဖို့လိုတယ်လို့ HRW ရဲ့ အာရှဆိုင်ရာအကြံပေး John Sifton က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အမေရိကန် − အာဆီယံ ဆက်ဆံရေးဟာ ရိုးသားဖို့နဲ့ဒေသတွင်းဆိုးရွားလာတဲ့လူ့အခွင့်အရေးအခြေအနေနဲ့ ဒီမိုကရေစီနောက်ပြန်လန်ကျနေတာတွေ တိုက်ရိုက်ကိုင်တွယ်ဖို့ လိုတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာအကြံပေး John Sifton က ဆိုပါတယ်။

အာဆီယံဒေသတွင်းမှာ အာဏာကို အလုံးစုံထိန်းချုပ်အုပ်ချုပ်တဲ့အော်တိုကရက်တွေကြီးထွားလာတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကာကွယ်ပေးမှုအပေါ် တရုတ်အစိုးရရဲ့ဟန့်တားမှုတွေကြောင့် HRW က ပြောထားပါတယ်။

ဒါအပြင်အမေရိကန်အနေနဲ့အာဆီယံအဖွဲ့ဝင်တွေကို မြန်မာ့အရေး ဖြေရှင်းရာမှာ သူတို့ရဲ့ မအောင်မြင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စွန့်ခွာဖို့အတွက် ဖိအားပေးသင့်တယ်လို့လည်း HRW ကအကြံပြုထားတာတွေ့ပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်မယ့်အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ကောင်စီကိုဖိတ်ကြားတာမရှိပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြေရှားသတ္တုဟာ ပြိုင်ဘက် နိုင်ငံတွေနဲ့ မူဝါဒရေးရာ တင်းမာတဲ့ အခြေအနေတွေမှာ တရုတ်အတွက် လက်နက်အဖြစ် အသုံးတော်ခံခဲ့တာဟာ အမေရိကန်နဲ့မှ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၀ ပြည့်နှစ်တုန်းက နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ် ငါးဖမ်းလှေ တစ်စီးနဲ့ ဂျပန် ကမ်းခြေစောင့် ရေယာဉ်တို့...

နိုင်ငံတကာ

မြို့တော် ဝါရှင်တန် ဒီစီမှာ အမေရိကန် စစ်တပ်က ခမ်းနားတဲ့ စစ်ရေးပြ ချီတက်ပွဲကြီး ကျင်းပနေတဲ့အချိန် အမေရိကန်နိုင်ငံ အနှံ့မှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ No Kings ဆန္ဒပြပွဲတွေကို ကျင်းပနေခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်ထဲမှာ ပြည်နယ်လွှတ်တော် အမတ်နဲ့ ခင်ပွန်းဖြစ်သူကို ပစ်သတ်သွားတဲ့ အမျိုးသားကို ရဲအင်အား ရာနဲ့ချီ အသုံးပြုပြီး မြေလှန် ရှာဖွေနေပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ကူညီနေမယ်ဆိုရင် အရှေ့အလယ်ပိုင်း ဒေသထဲမှာ ရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အခြေစိုက် စခန်းတွေနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။