Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီအပေါ် တုံ့ပြန်မှုပုံစံ အရေးတကြီးပြောင်းလဲရန် အာဆီယံအစိုးရများကို HRW တိုက်တွန်း

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ဦးဆောင်ကာ အာဆီယံနိုင်ငံများသည် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီမည်အစား မြန်မာပြည်သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို ကာကွယ်ရန် ပြောင်းလဲအာရုံစိုက်သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

နိုင်ငံတကာအသိုင်းအဝန်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရက်စက်ယုတ်မာသည့်မြန်မာစစ်ကောင်စီအပေါ် တုံ့ပြန်မှုပုံစံ အရေးတကြီးပြောင်းလဲရန် အာဆီယံအစိုးရများကို
လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ Human Rights Watch က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်တိုက်တွန်းသည်။

ပြီးခဲ့သည့်နှစ်တွင် အာဆီယံက မြန်မာ့အကျပ်အတည်းဖြေရှင်းရန် ဘုံသဘောတူဆုံးဖြတ်ချက် ၅ ရပ် ချမှတ်ခဲ့သည့်တိုင် ယင်းကတိကဝတ်များကို ဖြည့်ဆည်းရန် သို့မဟုတ် လူ့အခွင့် အရေးချိုးဖောက်မှုများအဆုံးသတ်ရေး စစ်တပ်ကို ဖိအားပေးမည့် အရေးပါသည့်ခြေလှမ်းများလုပ်ဆောင် ရန် ပျက်ကွက်ခဲ့သည်။

“မြန်မာစစ်တပ်ကောင်စီဟာ အာဆီယံကို ပေးထားတဲ့ ကတိကဝတ်တွေကို လုံး၀ အရေးမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရင်း ပြီးခဲ့တဲ့တစ်နှစ်တာကို ကုန်ဆုံးခဲ့ပါတယ်” ဟု HRW အာရှဒါရိုက်တာ Elaine Pearson က ပြောသည်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ဦးဆောင်ကာ အာဆီယံနိုင်ငံများသည် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီမည်အစား မြန်မာပြည်သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို ကာကွယ်ရန် ပြောင်းလဲအာရုံစိုက်သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဧပြီ ၂၄ ရက်က ဂျာကာတာ၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင် ၉ ဦးနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့သည် နိုင်ငံအတွင်း အကြမ်း ဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ကာ ပါဝင်ပတ်သက်သူများအကြား တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာမှုအကူအညီများပေးရန် တို့ပါဝင်သော ဆုံးဖြတ်ချက် ၅ ရပ် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ကလေးငယ် အနည်းဆုံး ၁၃၀ အပါအဝင် ပြည်သူ ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၃၀၀၀ ကျော်ကိုလည်း တရားလက်လွတ်ဖမ်းဆီးခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလူနည်းစုဒေသများတွင် လူမဆန်သောစစ်ဆင်ရေးများ တိုးချဲ့ကျူး လွန် ပြီး လူပေါင်း ၅၅၀၀၀၀ ကျော်ကို နေရပ်စွန့်ခွာစေခဲ့သည်။ထိုအပြင် စစ်​ကောင်စီတပ်က ပြည်သူများ၏ ​နေအိမ်​ပေါင်း ၇၀၀၀ ​​ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

ကရင်တိုင်းရင်းသား ၂၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးထားဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။