Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီအပေါ် တုံ့ပြန်မှုပုံစံ အရေးတကြီးပြောင်းလဲရန် အာဆီယံအစိုးရများကို HRW တိုက်တွန်း

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ဦးဆောင်ကာ အာဆီယံနိုင်ငံများသည် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီမည်အစား မြန်မာပြည်သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို ကာကွယ်ရန် ပြောင်းလဲအာရုံစိုက်သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

နိုင်ငံတကာအသိုင်းအဝန်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရက်စက်ယုတ်မာသည့်မြန်မာစစ်ကောင်စီအပေါ် တုံ့ပြန်မှုပုံစံ အရေးတကြီးပြောင်းလဲရန် အာဆီယံအစိုးရများကို
လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ Human Rights Watch က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်တိုက်တွန်းသည်။

ပြီးခဲ့သည့်နှစ်တွင် အာဆီယံက မြန်မာ့အကျပ်အတည်းဖြေရှင်းရန် ဘုံသဘောတူဆုံးဖြတ်ချက် ၅ ရပ် ချမှတ်ခဲ့သည့်တိုင် ယင်းကတိကဝတ်များကို ဖြည့်ဆည်းရန် သို့မဟုတ် လူ့အခွင့် အရေးချိုးဖောက်မှုများအဆုံးသတ်ရေး စစ်တပ်ကို ဖိအားပေးမည့် အရေးပါသည့်ခြေလှမ်းများလုပ်ဆောင် ရန် ပျက်ကွက်ခဲ့သည်။

“မြန်မာစစ်တပ်ကောင်စီဟာ အာဆီယံကို ပေးထားတဲ့ ကတိကဝတ်တွေကို လုံး၀ အရေးမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရင်း ပြီးခဲ့တဲ့တစ်နှစ်တာကို ကုန်ဆုံးခဲ့ပါတယ်” ဟု HRW အာရှဒါရိုက်တာ Elaine Pearson က ပြောသည်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ဦးဆောင်ကာ အာဆီယံနိုင်ငံများသည် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီမည်အစား မြန်မာပြည်သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကို ကာကွယ်ရန် ပြောင်းလဲအာရုံစိုက်သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဧပြီ ၂၄ ရက်က ဂျာကာတာ၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံ ခေါင်းဆောင် ၉ ဦးနှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့သည် နိုင်ငံအတွင်း အကြမ်း ဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ကာ ပါဝင်ပတ်သက်သူများအကြား တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာမှုအကူအညီများပေးရန် တို့ပါဝင်သော ဆုံးဖြတ်ချက် ၅ ရပ် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ကလေးငယ် အနည်းဆုံး ၁၃၀ အပါအဝင် ပြည်သူ ၁၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၃၀၀၀ ကျော်ကိုလည်း တရားလက်လွတ်ဖမ်းဆီးခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလူနည်းစုဒေသများတွင် လူမဆန်သောစစ်ဆင်ရေးများ တိုးချဲ့ကျူး လွန် ပြီး လူပေါင်း ၅၅၀၀၀၀ ကျော်ကို နေရပ်စွန့်ခွာစေခဲ့သည်။ထိုအပြင် စစ်​ကောင်စီတပ်က ပြည်သူများ၏ ​နေအိမ်​ပေါင်း ၇၀၀၀ ​​ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။