သတင်း မတ္တရာတွင် စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက်ခိုက် ဇူလိုင် ၁၇ ရက် နေ့လယ် ၂ နာရီ မိနစ်ခွဲခန့်က မတ္တရာမြို့နယ်၊ ကျပ်ပြင်ကျေးရွာမှလာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကင်းရွာနှင့် အောင်ချမ်းသာကျေးရွာတို့ကို ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဇူလိုင် 19, 2023
သတင်း ထီးချိုင့်နယ် ကျောက်မှော်ရွာကို စစ်ကောင်စီဒုတိယအကြိမ်စီးနင်းပြီး ဒေသခံများ ဖမ်းဆီးထား ကျောက်မှော်ကျေးရွာကို ယနေ့ နံနက် ၇နာရီခန့် တွင် စစ်ကောင်စီတပ်စစ်ကြောင်းက နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာခြင်းဟု သိရသည်။ LuduNwayOoဇူလိုင် 19, 2023
သတင်း ရှမ်းမြောက်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခု KIA သိမ်းပိုက် မူဆယ်လမ်း နမ့်ဖက်ကာအရှေ့ဘက် ခိုမုံးဒေသ ကောင်ရာတောင်ကုန်းပေါ်ရှိ ခလရ(၁၂၃) လက်အောက်ခံတပ်စခန်းကို KIA တပ်ရင်း(၉)တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 19, 2023
သတင်း ကျင်ဒွေးမြို့ဦးတည်သည့် စစ်ကောင်စီတပ်ကို ကန်ပက်လက် CDF တိုက်ခိုက် ပြည်သူလူထုများအနေဖြင့်လည်း လတ်တလော အခြေအနေတွင် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်များကို လိုက်နာရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီရန် ဒေသခံသတင်းရင်းမြစ်က တိုက်တွန်းထားသည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း မြဝတီ လက်ခတ်တောင်တိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီးတစ်ဦးသေ၊ လက်နက်နှင့် ကျည်များရဟု ကော်ဘရာ ထုတ်ပြန် ယနေ့တိုက်ပွဲတွင် ရန်သူဘက်မှ လက်နက်ကြီးများဆက်တိုက်ပစ်၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်ရင်းတိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်နေ ကွတ်ခိုင်နှင့် မူဆယ် လမ်းတကြော၌ စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းတပ်မတော်(TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ယနေ့ညနေ ၃ နာရီကျော်တွင်နမ့်ဖက်ကာအခြေစိုက်တပ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း ထားဝယ်မြို့ စစ်ကောင်စီဝန်ကြီးအိမ်ရာနှင့် စစ်ဆေးရေးဂိတ်ကို PDFက လက်နက်ကြီးဖြင့် ပစ်ခတ် ယမန်နေ့(ဇူလိုင် ၁၇)ည ၁၁နာရီခန့်က စစ်ကောင်စီ၏ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာနအိမ်ရာအတွင်းသို့ (၈၁) မမ လက်နက်ကြီး သုံးလုံး၊ နယ်စပ်ရေးရာဌာနသို့ နှစ်လုံးနှင့် အိမ်ရာအပြင်ဘက်သို့ နှစ်လုံး အသီးသီးပစ်ခတ်ခဲ့ကြောင်း LLPDF က ပြောသည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း ဆိပ်ဖြူတိုက်ပွဲ ကပစ(၂၁)စစ်ကြောင်းမှ သုံးဦးသေ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် ဇူလိုင် ၁၃ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာပါပြီး အခုနှစ်ဆန်းပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းထဲထိ ကရင့်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ LuduNwayOoဇူလိုင် 18, 2023
သတင်း ဗန်းမော်မှ နမ့်ဆန်ယာန်စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း KIA မိုင်းခွဲတိုက်ခိုက် ဇူလိုင် ၁၈ရက် နံနက်အစောပိုင်း ၁နာရီ ခွဲခန့်တွင် ဗန်းမော်မှ - နမ့်ဆန်ယာဉ်သို့လာသည့် စစ်ကူယာဉ် လေးစီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 18, 2023