Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့ တစ်ရက်လုံးလမ်းပိတ်ဆို့မှုကြောင့် YBS စီးပြည်သူများအခက်ကြုံ

အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို နံနက် ၄ နာရီမှ ၈ နာရီခန့်အထိသာပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းနေရာအနီးအနားမှ လမ်းပိတ်ဆို့မှုများကို တစ်နေ့လုံးပြန်မဖွင့်ပေးသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရခြင်းဖြစ်သည်။

(မဟာဗန္ဓုလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် ညနေ ၅ နာရီကျော်သည်အထိ စစ်​ကောင်စီကလမ်းပိတ်ထားခဲ့သည်။ဓါတ်ပုံ-CJ)
(မဟာဗန္ဓုလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် ညနေ ၅ နာရီကျော်သည်အထိ စစ်​ကောင်စီကလမ်းပိတ်ထားခဲ့သည်။ဓါတ်ပုံ-CJ)

စစ်ကောင်စီက ရန်ကုန်မြို့တွင် ယ​နေ့၌အာဇာနည်နေ့ အခမ်းအနားကို အကြောင်းပြကာ လမ်းပိတ်ဆို့မှုများကို တစ်နေ့လုံးပြုလုပ်ထားသောကြောင့် YBS စီးသည့်ပြည်သူများ အခက်အခဲများကြုံခဲ့ကြရ​ကြောင်းပြည်သူများက​ပြောသည်။

၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်သည့် အာဇာနည်ဗိမာန် ၊ အလံတင်အခမ်းအနားပြုလုပ်သည့် အတွင်းဝန်ရုံး နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်ပြတိုက် စသည့်နေရာပတ်ဝန်းကျင်များကိုစစ်ကောင်စီက လမ်းပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို နံနက် ၄ နာရီမှ ၈ နာရီခန့်အထိသာပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းနေရာအနီးအနားမှ လမ်းပိတ်ဆို့မှုများကို တစ်နေ့လုံးပြန်မဖွင့်ပေးသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရခြင်းဖြစ်သည်။

“လမ်းလွှဲတွေရှိပေမယ့် YBS စီးတဲ့သူကျတော့ ကိုယ်ဆင်းရမယ့်မှတ်တိုင်မရောက်တာတွေရှိတယ်လေ။ အခမ်းအနားပြီးရင်ဖွင့်ပေးမယ်ကြေညာထားပြီး တစ်ရက်လုံးပိတ်ထားတာတော့မဖြစ်သင့်ဘူး” ဟု ရန်ကုန်မြို့​နေ အမျိုးသမီးတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယခင်နှစ်များက အခမ်းအနားများပြီးဆုံးချိန်တွင် လမ်းပိတ်ထားခြင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ယခုနှစ်တွင် တစ်ရက်လုံးလမ်းပိတ်ထားခြင်းသည် စစ်ကောင်စီ၏ အကြောက်တရားကြောင့်ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှအမျိုးသားတစ်ဦးကပြောသည်။

“ရန်ကုန်ကို PDF တွေရောက်ပြီဆိုတာမျိုးတွေကြားလို့ဖြစ်မှာ။ အရင်ကတော့ စိန်ခေါ်ခဲ့ပြီး အခုတော့ ကြောက်နေကြတာ မြင်မကောင်းဘူး”ဟု ၎င်းကပြောသည်။

ယ​နေ့ အာဇာနည်ဗိမာန်၌ စစ်​ကောင်စီပြုလုပ်သည့် အခမ်းအနားသို့ စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ် ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် ၊ ဒေါက်တာမူထန်၊ ပြည်ထောင်စု တရားသူ

ကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးဝန်ကြီး ဦးကိုကို၊ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့တတ်ရောက်ခဲ့သည်ဟုစစ်​ကောင်စီက သတင်းထုတ်ပြန်ထားသည်။

အာဇာနည်နေ့တွင် ရွှေတိဂုံဘုရားသို့သွားရောက်ခဲ့သည့် အသက်၆၀ အရွယ် အမျိုးသမီးတစ်ဦးကလည်း “ရွှေတိဂုံသွားတာ လမ်းတွေပိတ်ထားတော့ ပတ်သွားနေရတယ်။ ဟိုရောက်တော့လည်း လှေခါးကပေးမတတ်ဘူး။ဓာတ်လှေခါးနဲ့ပဲတတ်ရတယ်” ဟု ‌ပြောသည်။

ထို့ပြင် ယခုနောက်ပိုင်း ရန်ကုန်မြို့၌ ကင်းလှည့်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ယူနီဖောင်းဝတ်သူများထက် ရဲတပ်ဖွဲ့ဝင်ယူနီ‌ဖောင်းဝတ်ဆင်ထားသူ များကို ပိုမိုတွေ့ရကြောင်းပြည်သူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။