Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းသို့လာသည့် စစ်ကောင်စီတပ်ယာဥ်တစ်စီး တိုက်ခိုက်ခံရ

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတည်အကျအား အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ထားတယ်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ထားတယ်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - CJ)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်တစ်စီးကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီကျော်က စစ်ကောင်စီတပ်မှ အင်အား ၁၀ ဦးခန့်လိုက်ပါပြီး ထား ဝယ်မြို့နယ်ဘက်မှ သရက်ချောင်းဘက်သို့ မောင်းနှင်လာသော Vigo အမျိုးအစားယာဥ်တစ်စီးကို သင်းကျွန်းကျေးရွာနှင့် သရက်နှစ်ခွကျေးရွာကြား မြိတ်-ထား ဝယ်လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“မိုင်းဆွဲပြီးတာနဲ့ ကားကတော့ တခါထဲမောင်းပြီးတော့ သွားတယ်။ ကားပျက်စီးမှုကတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ စကစကတော့ အနည်းဆုံးတော့ ထိခိုက်သေဆုံးရှိနိုင်တယ်”ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောင်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း စာရင်းအတည်အကျအား အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းနေ့(ဇူလိုင် ၁၇)ညနေပိုင်းတွင် ထားဝယ်မြစ်အတွင်း စက်လှေမောက်၍ သေဆုံးသွားသော စစ်ကောင်စီတပ်မှ ရုပ်အလောင်းများလာတင်သည့် ယာဥ်သုံးစီးကို သရက်ချောင်းမြို့နယ် လဘကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook