Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီနှင့်​ပေါင်း၍ ပဲခူးရိုးမအတွင်း မီး​သွေးခိုးထုတ်​​သောပျူနှစ်ဦးကို PDF ရှင်းလင်း ပြီးကားကိုမီးရှို့

အဆိုပါ ကားအား မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင် ယမန်နေ့(ဇူလိုင်လ ၁၉ရက်) ညနေ ၅နာရီ ၂၀မိနစ်တွင် ဖမ်းဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်ဟုသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) ကလည်းယ​နေ့ သတင်းထုတ်ပြန်သည်။

(မီး​လောင်​နေ​​​သော မီး​သွေးကားကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ- သာယာဝတီခရိုင်တပ်ရင်း -၃၈၀၂ ၊တပ်ခွဲ- ၅)
(မီး​လောင်​နေ​​​သော မီး​သွေးကားကို အ​ဝေးမှ​တွေ့ရစဥ်။ ဓါတ်ပုံ- သာယာဝတီခရိုင်တပ်ရင်း -၃၈၀၂ ၊တပ်ခွဲ- ၅)

စစ်ကောင်စီနှင့် ပူးပေါင်း၍ ပဲခူးရိုးမအတွင်းမှ မီးသွေးများ ခိုးထုတ်လာသည့် ကားတစ်စီးအား ဖမ်းဆီးမိပြီး ကားအားမီးရှို့ဖျက်ဆီးကာ ကားပေါ်ပါ ပျူစောထီးနှစ်ဦးအား ရှင်းလင်းခဲ့ကြောင်းမင်းလှမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ ကားအား မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်အနီးတွင် ယမန်နေ့(ဇူလိုင်လ ၁၉ရက်) ညနေ ၅နာရီ ၂၀မိနစ်တွင် ဖမ်းဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်ဟုသာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ(၅) ကလည်းယ​နေ့ သတင်းထုတ်ပြန်သည်။

“သေဆုံးသူနှစ်ဦးက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ပျူတွေပါ။ မနေ့ညတွင်းချင်းပဲ စစ်ကောင်စီတပ်သားတွေက ကားတွေနဲ့လာပြီး အလောင်းကို လာသယ်တယ်။ ပြည်သူတွေကို ဖမ်းပြီး လူသားတံတိုင်းလုပ်ပြီးလာတာမို့ ပစ်ဖို့ အခွင့်မသာခဲ့ဘူး”ဟုမင်းလှမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီထောက်တိုင် ပျူစောထီးများ သည် ကားလေးစီးဖြင့် မီးသွေးများသယ်ထုတ်ရန် ရိုးမအတွင်းသို့ လာရောက်ခြင်းဖြစ်သော်လည်း စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်ချိန်တွင် တစ်စီးသာတွေ့ရပြီး ကျန်ကားသုံးစီးမှ ယာဥ်မောင်းနှင့် ယာဥ်နောက် လိုက်များမှာ ကားရောလူပါရှာမတွေ့ဘဲ အဆက် အသွယ်ပြတ်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ရှင်းလင်းခံရ၍ သေဆုံးသွားသော ပျူစောထီးနှစ်ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်ယာဥ်များဖြင့် မင်းလှမြို့သို့သယ်ဆောင်သွားရာ ယမန်နေ့ည ၁၂ နာရီကျော်ခန့်တွင် ဆေးရုံရင်ခွဲ ရုံ၌ထားရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“သေဆုံးသူနှစ်ဦးက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ပျူတွေပါ။ မနေ့ညတွင်းချင်းပဲ စစ်ကောင်စီတပ်သားတွေက ကားတွေနဲ့လာပြီး အလောင်းကို လာသယ်တယ်။ ပြည်သူတွေကို ဖမ်းပြီး လူသားတံတိုင်းလုပ်ပြီးလာတာမို့ ပစ်ဖို့ အခွင့်မသာခဲ့ဘူး”ဟုမင်းလှမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

ကားပေါ်မှ ပျူစောထီးနှစ်ဦးမှာ ခလရ(၁)တပ်မှ တပ်ကြပ်ကြီး ခင်မောင်ကြည်၏ လက်ရင်းတပည့်ချစ်မွှေးနှင့် ကောင်းစံဆိုသူဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီစစ်ကြောင်းများ ရိုးမပေါ် သွားလာရေးအတွက် ကားဖြင့် အကြိုအပို့လုပ်ပေးနေသူများဖြစ်သည်ဟု​ဖော်ပြထားသည်။ထိုအပြင် ရိုးမအတွင်းမှ PDFစခန်းနေရာ ရှာဖွေရာတွင် အားကြိုးမာန်တက် လိုက်ပါပြသသူများ ဖြစ်သည့်အတွက် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့ခြင်းဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ က သတင်းထုတ်ပြန်သည်။ ၎င်းတို့ ၂ ဦးမှ ပျူ ဟုတ် ၊မဟုတ်ကိုမူ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

” မိမိတို့တပ်ဖွဲ့သည် ပြည်သူကို ကာကွယ်ရန်နှင့် စစ်အုပ်စုကို အမြစ်ဖြတ်တိုက်ခိုက်ရန်သာမက ပဲခူးရိုးမကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည့်အတွက် ကနဦးသတိပေးချက်ထုတ်ပြန်ပြီးမှသာယခုစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟု ​ဖော်ပြထားသည်။

မီး​သွေးအိတ်များသည်လာ​သောကားကိုမီးရှို့ထားပြီး အမျိုးသားနှစ်ဦး ကားအနီး​သေဆုံး​နေသည့်ရုပ်သံဖိုင်ကိုလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ ၏ တယ်လီဂရန်တွင်ထုတ်ပြန်သည်။ အဆိုပါရုပ်သံဖိုင်ကို People’s Spring တယ်လီဂရန်တွင်လည်းကြည့်ရှုနိုင်ပါသည်။

စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်သို့ ပဲခူးရိုးမအားဖြတ်ပြီးဖောက်လုပ်ထားသည့်လမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကနယ်​မြေစိုးမိုးနိုင်​ရေးအတွက် ဇူလိုင်လ ၁၇ရက်မှ စတင်ကာ နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေခြင်းဖြစ်သည်။

ရိုးမဖြတ်ကျော်လမ်း၌ လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် အမှတ် ၂ စစ်ဒေသခွဲ၊သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း၃၈၀၂ကသတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။