Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရ

သပိတ်ကျင်းမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိရာ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

(သပိတ်ကျင်း ပကဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(သပိတ်ကျင်း ပကဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

▪️ထိခိုက်သေဆုံးရှိနိုင်ဟု ပကဖပြော

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ် လှည့်ကင်းများကို နှစ်ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ်(ပကဖ)၊ ကြာညှပ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၉ရက်)နံနက် ၇ နာရီကျော်က သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာအနီးသို့ နာရေးကားတစ်စီးဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျအား မသိရသေးဟု ဆိုသည်။

အလားတူ ဇူလိုင် ၁၈ရက် ည ၁၀နာရီခန့်ကလည်း ကြာညှပ်တိုက်နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ် မှ စစ်ကောင်စီတပ်သားအချို့ကို ဒိုင်နာကားဖြင့်တင်ဆောင်၍ ကိုးပင်ရွာအနီး ကင်းပုန်းလာချစဥ် သပိတ်ကျင်း (ပကဖ)၊ ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“တိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ စကစတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ ဒီကောင်တွေဘက်က ပြန်ခုခံနိုင်တာ မရှိခဲ့ပါဘူး”ဟု ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများရှိလာနိုင်ပြီး သပိတ်ကျင်း-ဗန်းမော်လမ်းပိုင်းအား အသုံးပြုမည့်ပြည်သူများအနေဖြင့် ကားများကို မှန်ချမောင်နှင်ကြရန်နှင့် သတိပေးချက်များအား လိုက်နာပေးကြရန် သပိတ်ကျင်း ပကဖ၊ ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

သပိတ်ကျင်းမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိရာ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။