Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုများဟုဆို

စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းထိပြီး ‌ထိခိုက်မှုများသည့်သတင်းကို People’s Spring က ထီးချိုင့်မြို့နယ် ဒေသခံသုံးဦးအား မေးမြန်းရာ ၎င်းတို့က ဟုတ်မှန်ကြောင်း အတည်ပြုသည်။

(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ် ။ ဓာတ်ပုံ - Fox Army)
(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ် ။ ဓာတ်ပုံ - Fox Army)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း စစ်‌ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကျောက်မှော်နဲ့ နမ့်အင်းရွာကြားမှာ မိုင်းဆွဲတာ။ စစ်ကောင်စီဘက်က အစုလိုက်၊ အပုံလိုက်ဖြစ်သွားတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ကျောက်မှော်နှင့်နမ့်အင်းကျေးရွာကြား ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်‌နေ့( ဇူလိုင် ၁၉ရက်) ညနေ ၃နာရီခန့်တွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

“စစ်ကြောင်းထဲက ၂၀ လောက်အထိ ထိတယ်ကြားတယ်။သေဆုံးသူအရေအတွက်တော့ မသိရသေးဘူး။ဒီနေ့လည်း မိုင်းနဲ့ ချနေပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယ‌နေ့(ဇူလိုင် ၂၀ရက်) နံနက်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းထိပြီး ‌ထိခိုက်မှုများသည့်သတင်းကို People’s Spring က ထီးချိုင့်မြို့နယ် ဒေသခံသုံးဦးအား မေးမြန်းရာ ၎င်းတို့က ဟုတ်မှန်ကြောင်း အတည်ပြုသည်။

” အခုက ထီးချိုင့် ကျောက်မှော်ရွာမှာ စစ်ကြောင်းတစ်ကြောင်း၊ ရွာကိုမဝင်ဘဲ ခြေလျင်တက်လာတာက စစ်ကြောင်းတစ်ကြောင်း။ အခုက ခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ထီးချိုင့်မြို့နယ်အတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခု ရှိနေသည်။ ကျောက်မှော်ရွာကို ယမန်နေ့(ဇူလိုင် ၁၉ရက်)က ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကြောင်းသည် ယနေ့ နံနက် ၂နာရီခန့်တွင် ထွက်ခွာသွားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကြောင်းသည် ထီးချိုင့်မြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။