Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုများဟုဆို

စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းထိပြီး ‌ထိခိုက်မှုများသည့်သတင်းကို People’s Spring က ထီးချိုင့်မြို့နယ် ဒေသခံသုံးဦးအား မေးမြန်းရာ ၎င်းတို့က ဟုတ်မှန်ကြောင်း အတည်ပြုသည်။

(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ် ။ ဓာတ်ပုံ - Fox Army)
(ထီးချိုင့် PDF ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ် ။ ဓာတ်ပုံ - Fox Army)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း စစ်‌ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကျောက်မှော်နဲ့ နမ့်အင်းရွာကြားမှာ မိုင်းဆွဲတာ။ စစ်ကောင်စီဘက်က အစုလိုက်၊ အပုံလိုက်ဖြစ်သွားတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ကျောက်မှော်နှင့်နမ့်အင်းကျေးရွာကြား ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်‌နေ့( ဇူလိုင် ၁၉ရက်) ညနေ ၃နာရီခန့်တွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

“စစ်ကြောင်းထဲက ၂၀ လောက်အထိ ထိတယ်ကြားတယ်။သေဆုံးသူအရေအတွက်တော့ မသိရသေးဘူး။ဒီနေ့လည်း မိုင်းနဲ့ ချနေပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယ‌နေ့(ဇူလိုင် ၂၀ရက်) နံနက်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းထိပြီး ‌ထိခိုက်မှုများသည့်သတင်းကို People’s Spring က ထီးချိုင့်မြို့နယ် ဒေသခံသုံးဦးအား မေးမြန်းရာ ၎င်းတို့က ဟုတ်မှန်ကြောင်း အတည်ပြုသည်။

” အခုက ထီးချိုင့် ကျောက်မှော်ရွာမှာ စစ်ကြောင်းတစ်ကြောင်း၊ ရွာကိုမဝင်ဘဲ ခြေလျင်တက်လာတာက စစ်ကြောင်းတစ်ကြောင်း။ အခုက ခြေလျင်စစ်ကြောင်းမိုင်းဆွဲခံရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ထီးချိုင့်မြို့နယ်အတွင် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခု ရှိနေသည်။ ကျောက်မှော်ရွာကို ယမန်နေ့(ဇူလိုင် ၁၉ရက်)က ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကြောင်းသည် ယနေ့ နံနက် ၂နာရီခန့်တွင် ထွက်ခွာသွားကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကြောင်းသည် ထီးချိုင့်မြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။