သတင်း စံပါယ်နံ့သာဂိတ်မှာ စစ်တပ်က ကုန်ကားအစီး ၁၀၀ကျော်ဖမ်းပြီး ကုန်တွေသိမ်းယူ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့တွင်းက ပျူစောထီးတွေ ရိက္ခာပြတ်လပ်မှုတွေဖြစ်လို့ဆိုပြီး စစ်တပ်က ရွှေဘို- မြစ်ကြီးနားကုန်ကူးတဲ့ ကုန်ကားအစီး ၁၀၀ကျော်ကို စံပါယ်နံ့သာဂိတ်မှာဖမ်းဆီးပြီး ကုန်တွေသိမ်းယူသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိထားသူတွေက ပြောပါတယ်။ ludunwayooမတ် 1, 2026
သတင်း စစ်မှုထမ်းသင်တန်းဆင်းတွေထွက်ပြေးရင် အချင်းချင်းပြန်သတ်ဖြတ်ခိုင်းတဲ့အထိ စစ်တပ်က အကြောက်တရားရိုက်သွင်းနေ ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းသင်တန်းပေးနေတဲ့ တပ်ရင်းတွေထဲမှာ သင်တန်းသားတွေအချင်းချင်း သတ်ဖြတ်ခိုင်းတဲ့အထိ စစ်တပ်က အကြောက်တရားရိုက်သွင်းနေတယ်လို့ စစ်သားစုဆောင်းခံရတဲ့ မိသားစုဝင်အချို့က ပြောပါတယ်။ LuduNwayOoမတ် 1, 2026
သတင်း ဗန်းမော်တိုက်ပွဲမှာ စစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်ထပ်မံသိမ်းပိုက် ကချင်ပြည်နယ် ဗန်းမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်တဲ့ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာစစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က ထပ်မံ သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ LuduNwayOoမတ် 1, 2026
သတင်း လေးရက်အတွင်း KIAထိန်းချုပ်နယ်မြေကနေရာ ၂၀ကျော်ကို စစ်တပ်ဗုံးကြဲ (ဖေဖော်ဝါရီ ၂၂ရက်ညက မိုင်ဂျာယာန်အနီး ဘွမ်ကထောင်ကျေးရွာကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှု။ ဓာတ်ပုံ − ပေးပို့) LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်း စစ်တပ် စစ်ကြောင်းထိုးနေ မန္တလေးတိုင်းမှာစစ်ရေးအရ အရေးပါတဲ့ မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်းကို စစ်တပ်က နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာ တွေကြောင့် ဒေသခံပြည်သူ သေဆုံးမှုတွေ ရှိတယ်လို့ မြင်းခြံ မြို့နယ်၊ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း တကောင်းမြို့ဦးတည်ပြီး စစ်တပ်စစ်ကြောင်းဆက်တိုး၊ တိုက်ပွဲဆက်ပြင်းထန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က တကောင်းမြို့ဘက်ကိုဦးတည် စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် အရပ်သား သေဆုံးမှု တွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း KNUညောင်လေးပင်ခရိုင်မှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၃ဦး အပါအဝင် ၅ဦး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်က အရပ်သားပြည်သူနေထိုင်ရာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေလို့ ပြည်သူလူထု ထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း ခင်ဦးမှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်၂လုံးအပါအဝင် အဆောက်အအုံတွေ မီးလောင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ စစ်တပ်က မီးရှို့လို့ ကျပ်သိန်းထောင်ချီတန်တဲ့ ဆန်စက်ကြီး ၂လုံးအပါအဝင် အဆောက်အအုံ ၉လုံးမီးလောင်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 27, 2026
သတင်း ခေါဇာမြို့ စျေးရှေ့ကင်းလှည့်နေတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 26, 2026
သတင်း ကျောက်တံခါးမြို့နယ်က ကျေးရွာကို စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2026