Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ ကျောင်းသားဘောလုံးပြိုင်ပွဲအနီး စစ်တပ် လက်နက်ကြီးကျပေါက်ကွဲ

မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

(လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့မှုများ။ ဓာတ်ပုံ - ပဲခူးခရိုင်ပကဖ )

ဩဂုတ်-၂၀၊ ၂၀၂၆။ဒလပန်း/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်းအနီး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့တာကြောင့် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဩဂုတ် ၁၉ နံနက် ၁၁ နာရီခန့်မှာ ကျိုက်ထိုမြို့နယ် ၅ ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းအနီးကို စစ်တပ်ရဲ့ သိမ်ဇရပ်အမြောက်တပ် (၃၁၀)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

“ တိုက်ပွဲ ဖြစ်တာမျိုးလည်းမရှိဘူး။ ကျောင်းသားဘောလုံးပြိုင်ပွဲလုပ်နေကြတာ။ အဲ့ချိန်ကွင်းဘေးက အိမ်ကိုကျတာ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်း ကပ်ရပ် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး ဦးခေါင်းထိမှန် သေဆုံးပြီး ကလေးငယ် ၇ဦးနဲ့ လူကြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ လူနာတွေကို ရန်ကုန်နဲ့ ပဲခူးဆေးရုံကြီး ပို့ဆောင်ထားပြီး တခြားထိခိုက်လူနာတွေကတော့ သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

(လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့မှုများ။

ဓာတ်ပုံ – ပဲခူးခရိုင်ပကဖ )

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။