Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာ ကျောင်းသားဘောလုံးပြိုင်ပွဲအနီး စစ်တပ် လက်နက်ကြီးကျပေါက်ကွဲ

မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

(လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့မှုများ။ ဓာတ်ပုံ - ပဲခူးခရိုင်ပကဖ )

ဩဂုတ်-၂၀၊ ၂၀၂၆။ဒလပန်း/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်းအနီး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့တာကြောင့် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဩဂုတ် ၁၉ နံနက် ၁၁ နာရီခန့်မှာ ကျိုက်ထိုမြို့နယ် ၅ ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းအနီးကို စစ်တပ်ရဲ့ သိမ်ဇရပ်အမြောက်တပ် (၃၁၀)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။

“ တိုက်ပွဲ ဖြစ်တာမျိုးလည်းမရှိဘူး။ ကျောင်းသားဘောလုံးပြိုင်ပွဲလုပ်နေကြတာ။ အဲ့ချိန်ကွင်းဘေးက အိမ်ကိုကျတာ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်း ကပ်ရပ် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး ဦးခေါင်းထိမှန် သေဆုံးပြီး ကလေးငယ် ၇ဦးနဲ့ လူကြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ လူနာတွေကို ရန်ကုန်နဲ့ ပဲခူးဆေးရုံကြီး ပို့ဆောင်ထားပြီး တခြားထိခိုက်လူနာတွေကတော့ သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

(လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့မှုများ။

ဓာတ်ပုံ – ပဲခူးခရိုင်ပကဖ )

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး ဒီနေ့သြဂုတ်၂၀ရက်မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။