သတင်း ရွှေဘိုနယ်မှာ ခရီးသည်တင်ယာဉ်တန်း လေကြောင်းတိုက်ခံရပြီး သံဃာတစ်ပါးအပါအဝင် ၄ဦး သေဆုံး စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ ခရီးသည်တင် ယာဉ် ကားတန်းကို စစ်တပ်က လေကြောင်းကနေ ၁၀ကြိမ်ထပ်မနည်းတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးအပါအဝင် ၄ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 17, 2025
သတင်း မုံရွာမြို့နယ် ကျေးရွာနှစ်ရွာကို စစ်တပ်မီးရှို့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ နဂါးတွင်းနဲ့ ပေါက်ပင်ရွာက အိမ်ခြေ ၅၁လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ludunwayooဒီဇင်ဘာ 17, 2025
သတင်း စစ်တပ်က လှည်းတန်းလမ်းမမှာ လမ်းဘေးဈေးရောင်းခွင့်ပိတ်ပင်ထား ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ကမာရွတ်မြို့နယ်က လှည်းတန်းလမ်းမပေါ်မှာ လမ်းဘေးဈေးသည်တွေကို အာဏာသိမ်းစစ်တပ်ကရောင်းချခွင့်မပေးတော့တာကြောင့် ရှင်းလင်းနေပါတယ်။ ludunwayooဒီဇင်ဘာ 17, 2025
သတင်း မလှိုင်မှာ စစ်တပ်က လူငယ်တွေဖမ်းဆီးပြီး ကျပ် ၁၀သိန်းနဲ့လာရွေးခိုင်း မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်အုပ်စုက လူငယ်တွေကို ဖမ်းဆီးပြီး တစ်ဦးကို ကျပ် ၁၀သိန်းနဲ့ ပြန်ရွေးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 17, 2025
သတင်း မုံရွာမှာ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့လူငယ်ကို စစ်တပ်က သေနတ်နဲ့ပစ်ခတ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့ လူငယ် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 16, 2025
သတင်း စဉ့်ကူးမှာ စစ်တပ်က ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ စက်လှေပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 16, 2025
သတင်း မိုးမိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေ ခိုးဆိုးလုယက် သောင်းကျန်းနေ မိုးမိတ်မြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရိက္ခာအတွက် ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေဖမ်းယူနေပြီး သစ်စက်၊ဆန်စက်တွေကိုလည်း ဖောက်ထွင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 16, 2025
သတင်း မြောက်ဦးဆေးရုံဗုံးကြဲတဲ့ စစ်တပ်လုပ်ရပ် ကန့်ကွက်ရှုတ်ချမှုတွေအပေါ် ကျေးဇူးတင် ကြောင်း AAထုတ်ပြန် သေဆုံးထိခိုက်နစ်နာခဲ့ရသူတွေ တရားမျှတမှုရရေး ဆက်ပူးပေါင်းပေးဖို့နဲ့ အရေးပေါ်လိုနေတဲ့ ဆေးရုံးသုံး ပစ္စည်းတွေ၊ဆေးဝါးတွေ ကူညီပေးဖို့ အကူအညီတောင်း ludunwayooဒီဇင်ဘာ 16, 2025
သတင်း မော်လိုက်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ထံကရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်က ရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရတယ်လို့ Mawlaik Revolutionsက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 16, 2025
သတင်း မန္တလေးမှာ စစ်တပ်စစ်ဆေးရေးအဖွဲ့တွေက ကျောက်တွေပါသိမ်းနေ မန္တလေးမြို့မှာ စစ်အုပ်စုအဖွဲ့ဝင်တွေ ပိုမိုစစ်ဆေးရေဒတင်းကြပ်လာပြီး တရားဝင် သယ်လာတဲ့ ကျောက်တွေကိုပါ သိမ်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 13, 2025