Connect with us

Hi, what are you looking for?

သတင်း

ငပလီကိုစစ်တပ်ကလေယာဉ်အုပ်နဲ့ ဗုံးအလုံး ၆၀ကျော်ကြဲ၊အရပ်သားအနည်းဆုံး ၂ ဦးဒဏ်ရာရ

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

(ဇူလိုင် ၂၃ ရက်နေ့ ဂျိတ္တောကိုစစ်တပ်ကဗုံးကြဲပြီး​နောက် ​တွေ့ရစဥ်။ဓါတ်ပုံ-AA Info desk)

ဩဂုတ်-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ ဂျိတ္တောရပ်ကွက်ကို ဒီနေ့ မနက်ပိုင်းက လေယာဉ်အုပ်လိုက် နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူနှစ်ဦးဒဏ်ရာရပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ၃ရက်၊မနက်၁၀နာရီ၊မိနစ် ၂၀ ဝန်းကျင်ကနေ ၁၁ နာရီနီးပါးထိ နာရီဝက်ဝန်းကျင်ကြာ ဆက်တိုက် ဗုံးကြဲနေခဲ့တာပါ။

“ဂျက်တိုက်ချည်းပဲ လေးစီး၊ Y12 တစီးနဲ့ ဗုံးပတ်ချတာ။ တခါချရင် လေး၊ ငါးလုံးပါတယ် အပြွတ်လိုက်၊ အပြွတ်လိုက် ချတယ်။ အားလုံးပေါင်း ဗုံးသီး ၆၀ ကျော်လောက်ရှိမယ်။ နှစ်ယောက်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့သူ ထပ်ရှိရင်လည်း ရှိနိုင်သေးတယ်။ သတင်းအတိအကျမရသေးလို့လေ” လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲမှုကြောင့်ဒဏ်ရာရသွားသူတွေဟာဂျိတ္တောအမှတ်(၉)ရပ်ကွက်မှ ဖြစ်ပြီးအဲဒီရပ်ကွက်ကနေအိမ် ၂၀ နီးပါးနဲ့ဘန်ဂလိုတလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ သံတွဲနဲ့ ဂွမြို့နယ်တို့အတွင်းက ကမ်းခြေတလျှောက်ကျေးရွာတွေအပါအဝင် အရပ်သားလူနေကျေးရွာတွေကို ရက်ဆက်နီးပါး ဗုံးကြဲနေတာပါ။

“လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတာတွေ ဆက်တိုက်ရှိလာတယ်။ဒါကပြည်သူတွေကို အကြောက်တရားနဲ့ ခြောက်နေတာဖြစ်သလို AA ကို အပစ်ရပ်ဖို့ တဖက်လှည့်နဲ့ ဖိအားပေးနေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် AA ကတော့ အ ပစ်ရပ်မယ်လို့တော့ မမြင်သေးဘူး” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဇူလိုင်၃၁ရက်နေ့ကလည်းသံတွဲမြို့နယ် ရွှေလှေနဲ့ လင်းသီရွာတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျြီး ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

ဇူလိုင်လ ၂၃ရက်နဲ့ ၂၄ ရက်နေ့တို့ကလည်း သံတွဲမြို့နဲ့ ငပလီမြို့တို့ကို ဗုံးကြဲခဲ့ပြီး ၃ ဦးသေပြီး ၂၈ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ကလည်း သံတွဲမြို့ပေါ် ရဲစခန်း၊ တရားရုံးဝန်းကျင်တို့ကို ဗုံးကြဲခဲ့တာ ကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ အဲဒီ​နေ့မှာပဲ သံတွဲအပြင် ပုဏ္ဏားကျွန်း၊ တောင်ကုတ်မြို့နယ် မအီမြို့တို့ကိုလည်း ဗုံးကြဲခဲ့ပြီး ဇူလိုင် ၁၉ နတရက်တည်းအတွင်း စစ်တပ်လက်ချက်ကြောင့် အရပ် သား ၅ ဦး သေဆုံး ကာ ၂၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလိုအရပ်သားတွေ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ပွဲအတွင်း လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်မှုဆိုင်ရာဥပဒေနဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားကြပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ ရခိုင်ဒေသတွင်း ရေဘေးဒုက္ခကြုံနေရချိန် ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်းတင်ထားပြီး တုံ့ပြန်သွားမယ်လို့သတိပေးထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည် နယ် စစ်တွေ၊ ကျောက်ဖြူအပြင် ရခိုင်ရိုးမရှေ့ဘက်ခြမ်း မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းစစ်မျက် နှာတွေမှာလည်း AA က စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်းဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။