Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးရွာကို စစ်တပ်လက်နက်ကြီးနဲ့ပစ်လို့ က​လေးငယ်အပါ အဝင် ​ဒေသခံနှစ်ဦးထပ်မံသေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

(​ရွှေကူမြို့ အတွင်း​ရောက်​နေတဲ့စစ်တပ်ယာဥ်တန်းကို ဇွန်လအတွင်း​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

သြဂုတ်-၂၊၂၀၂၆။စိုင်းနောင်/ People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

ရွှေကူမြို့နယ် ငါးဘတ်ကြီးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က သုံးဦးသေဆုံးသွားပါတယ်။ဧရာဝတီမြစ် ကမ်းဘေးမှာ ရှိတဲ့ ငါးဘတ်ကြီးရွာကို စစ်တပ်က ပစ်မှတ်ထားပြီးလေကြောင်းက​နေ ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာ​တွေ ​နေစဥ်လိုလို လုပ်နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“ရွာကို နေ့တိုင်းပဲ ပစ်နေတာ။ ဒီရက်ထဲတင် အရပ်သားနှစ်ဦးထပ်‌ သေဆုံးတယ်။ ရှောင်တဲ့ နေရာဘက်တွေကိုပါ ပစ်တာ။မြို့နားမှာက နေ့တိုင်း တိုက်ပွဲဖြစ်တယ်”လို့ ရွှေကူမြို့ခံတဦးက‌ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၂၆ရက်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၁၂နှစ်အရွယ်ကလေးတစ်ဦး နဲ့ ဒေသခံ ပြည်သူတဦး သေဆုံးခဲ့ပါတယ်။ ငါးဘတ်ကြီးရွာဟာ ပြီးခဲ့တဲ့ဇူလိုင်လာဆန်းကတည်းက စစ်တပ် တပ်စွဲထားတဲ့နေရာဖြစ်ပါတယ်။ ဇူလိုင်လ ၈ရက်နေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားသုံးဦးသေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းစစ်တပ်စစ်ကြောင်းပြန်ဆုတ်ခွာသွားပြီး မြို့ပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

“အိမ်တွေလည်းပျက်စီးထားတာများတယ်။ စစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့ကိုဖျက်ဆီးနေတာဟုတ်တယ်” လို့ ဒေသခံစစ်ဘေးရှောင်တဦးကပြောပါတယ်။

ရွှေကူမြို့နယ်မှာ ဇွန်လ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာနဲ့ စစ်တပ်ကဖမ်းဆီးသတ်ဖြတ်လို့သေဆုံးသူ အနည်းဆုံယအရပ်သား ၁၅ဦးခန့်ရှိလာပြီဖြစ်ပါတယ်။ ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့အရပ်သားလေးဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၂ရက်ကလည်း ပင်စင်ကုန်းရပ်ကွက်ထဲကို စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးထပ်မံသေဆုံးခဲ့ပါတယ်။စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်နေသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူတွေလည်း ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

မြို့ထဲမှာတပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို KIA ၊KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးစားနေပြီး မြို့အနီးမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ် ။ စစ်ကောင်စီက မြို့ထဲကနေလက်နက်ကြီးတွေ နေရောညပါပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကဇွန်လ ၈ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်ကမြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေကပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီရက်ပိုင်းမှာ အရပ်သား ရှစ်ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook