Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် တိုက်လေယာဉ်တစ်စီး ပျက်ကျ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က အာဏာသိမ်းစစ်တပ်ရဲ့ လေတပ် နှစ်ပတ်လည်နေ့မှာ တွေ့ရတဲ့ တိုက်လေယာဉ်နှစ်စီး (ပုံဟောင်း) ဓာတ်ပုံ​ - စစ်တပ်ပြန်ကြားရေး

ဩဂုတ် ၃၊ ၂၀၂၆။ထားမြတ်၊ မိုမို / People’s Spring

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးမှာ တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ် ၃ရက်မနက် အစော ၅နာရီလောက်မှာ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းရေး လုပ်နေစဉ်မှာ ငှက်တစ်ကောင်နဲ့ တိုက်ခိုက်မှုဖြစ်ပြီး အင်ဂျင်ခန်းမီးလောင်လို့ ပျက်ကျခဲ့တာလို့ စစ်တပ် ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်တပ် လေယာဉ်မှူး မသေဘဲ ခုန်ထွက်နိုင်ခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေအပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့ည မရွေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလို လေကြောင်း တိုက်ခိုက်ရာမှာ တိုက်ခိုက်ရေးလေယာဉ်တွေကို အုပ်စုလိုက် အသုံးပြု တိုက်ခိုက်နေရုံသာမက Y12 လေယာဉ်တွေကိုလည်း အသုံးပြုလျက်ရှိပြီး ဗုံးအလုံးအရေ အများအပြား ကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်လာမှုအပေါ် တော်လှန်ရေးတပ်တွေကလည်း ခုခံတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေးအပါအဝင် ဒေသအချို့မှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်တွေနဲ့တိုက်လေယာဉ်အချို့ ထိမှန်ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။

“မနက်ကတည်းက ညောင်နှစ်ပင်လမ်းခွဲကို စစ်ကားတွေ တောက်လျှောက်တက်တာတွေ့ရတယ်။ထိခိုက်သေဆုံးတာတော့ မကြားရသေးဘူး”လို့ မှော်ဘီမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ် အဓိကအသုံးပြုနေတဲ့ တိုက်လေယာဉ်အမျိုးအစားတွေအရ Yak-130၊ Su-30SM ၊MiG 29နဲ့ K-8 W တို့ကို ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကနေ ၀ယ်ယူထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်၀န်းသေဆုံးတဲ့ ပြည်သူ ၆၀၀၀ နီးပါး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။