သတင်း မုန်းမြို့နယ်မှာ စစ်တပ်ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 11, 2026
သတင်း ကော့ကရိတ်မြို့အနီးတစ်နာရီခွဲနီးပါးကြာတိုက်ပွဲဖြစ် ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းရဲ့ ကော့ကရိတ်မြို့အနီးမှာဒီနေ့ (ဇူလိုင် ၁၀)မနက်အစောပိုင်းကအာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၆ တို့ကြားနာရီပိုင်းကြာတိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇူလိုင် 11, 2026
သတင်း ချင်းပြည်မှာ စစ်တပ်ဗုံးကြဲမှုတွေကြောင့် ဇွန်လအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။ ludunwayooဇူလိုင် 11, 2026
သတင်း ဘီးလင်းနယ်မှာ KNLA ပူးပေါင်းတပ် တိုက်ခိုက်လို့ စစ်တပ် ၅ ဦး သေ အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး ludunwayooဇူလိုင် 10, 2026
သတင်း မြဝတီတောင်ဘက်ခြမ်းတိုက်ပွဲ သုံးရက်မြောက်နေ့ စစ်တပ်ထိုးစစ် လန်ကျ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဇူလိုင် 10, 2026
သတင်း ဟုမ္မလင်းမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ၊ အရပ်သားတွေရှိတဲ့ရွှေ တောကိုစစ်တပ် ဗုံးကြဲ ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ludunwayooဇူလိုင် 10, 2026
သတင်း ခင်ဦးမြို့နယ်က သာဝတ္ထိရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၅ ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 10, 2026
သတင်း စဉ့်ကူးနယ်မှာ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၅ဦး ဒဏ်ရာရ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဆာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ ဒေသခံ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ludunwayooဇူလိုင် 10, 2026
သတင်း စစ်တပ်က ကချင်ပြည်နယ်နေရာအနှံ့ စစ်ရေးလှုပ်ရှားနေဟု KIAပြော ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။ ludunwayooဇူလိုင် 10, 2026
သတင်း စစ်တပ်က ဂွမြို့နယ်ကို စစ်သင်္ဘောများနဲ့ လက်နက်ကြီးအကြိမ်ရေ ၈၀ကျော်ပစ်ခတ် ကလေးငယ်တဦးအပါအဝင်ပြည်သူ ၆ ဦး ဒဏ်ရာရ ludunwayooဇူလိုင် 9, 2026