Connect with us

Hi, what are you looking for?

သတင်း

မြဝတီတောင်ဘက်ခြမ်းတိုက်ပွဲ သုံးရက်မြောက်နေ့ စစ်တပ်ထိုးစစ် လန်ကျ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(မြဝတီမြို့တောင်ဘက်ခြမ်းတိုက်ပွဲ စစ်တပ်ထိုးစစ်ကို ဦးစီးနေတဲ့ DKBA ဗိုလ်ဘိ တပည့်ဖြစ်သူ(​ပြောက်ကျားတီရှပ်ဝတ်ထားသူ)၊ BGF ဗိုလ်မုတ်သုန် တပည့်ဖြစ်သူ ဗိုလ်ချင်းလုံ(အလယ်) ၊ တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေး(ကရင်လွယ်အိတ်လွယ်ထားသူ)တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - CJ )

■စစ်တပ်နဲ့ DKBAဗိုလ်ဘိအဖွဲ့သေဆုံးထိခိုက်မှုများနေပြီး တောင်ကလေးစစ်ဆေးရုံ ပို့ထား

■စစ်တပ်က KNLA ဖိအားပေးဖို့ ထိုင်းဘက်ခြမ်းကို ကျည်တွေပစ်နေဟု ကရင်သတင်းရင်းမြစ်ပြော

ဇူလိုင်-၈၊ ၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးဒေသကို ဇူလိုင် ၁၀ရက်နေ့အပြီးသိမ်းပိုက်မယ်ဆိုပြီး အင်အားအများအပြားနဲ့ ချီတက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစတင်ဖြစ်တဲ့နေ့မှာဘဲ သေဆုံးမှုရှိခဲ့ပြီး ၂ရက်မြောက်နေ့ ဇူလိုင် ၈ရက်တိုက်ပွဲတွေအတွင်းမှာ အများအပြားသေဆုံးခဲ့ရပြီးနောက် တပ်လန်သွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ရွာသားတွေပြောပုံအရဆိုစစ်တပ်က အတော်လေး သေတယ်ပြောတယ်။ အလောင်းတွေ ၊ဒဏ်ရာရတာတွေ ထမ်းသယ်လာတာ မနည်းဘူးပြောတယ်။သူတို့(စစ်တပ်)ပထမအကြိမ်တော့ လန်သွားတာပေါ့”လို့ ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်တပ်က ခေါ်တိုက်ခိုင်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့ဟာလည်း အလောင်းတွေ ပုံနေတယ်လို့ ကြားသိရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါအပြင် ကရင်နယ်ခြားစောင့်တပ် (BGF) က ဗိုလ်မုတ်သုန်တပည့် ဗိုလ်ချင်းလုံက ဦးစီးနေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဒဏ်ရာရသူတွေနဲ့ ရုပ်အလောင်းတွေကို ဖားအံမြို့နယ်က စစ်တပ်ရဲ့ တောင်ကလေးစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ဇူလိုင်၉ရက်မှာတော့လေးကေ့ကော်အနောက်ဘက်က ရဲကုန်းနားမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲကို စစ်တပ်ရဲ့အမှတ်(၂)စစ်ဗျူဟာမှူး၊တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်အေးက ဦးစီးကွပ်ကဲနေတာလို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ကို ဖိအားပေးဖို့အတွက် စစ်တပ်က တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျအောင် တမင်းရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတယ်လို့လည်း ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ထောက်ပြပါတယ်။

“ထိုင်းက KNLAကို ဖိအားပေးအောင် အသကုန်ပစ်ထည့်နေတာ။ နေ့တိုင်း ထိုင်းဘက်ကို ကျည်ကျနေတာ”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဇူလိုင် ၇ရက်၊ ၈ရက်တိုက်ပွဲတွေမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်နေတယ်လို့ ထိုင်းလူမှုကွန်ရက်တွေမှာ ရေးသားနေကြပါတယ်။ တိုက်ပွဲကြောင့် နယ်စပ်က ထိုင်းဒေသခံအချို့ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် ထိုင်းစစ်တပ်ကလည်း လုံခြုံရေးယူ စောင့်ကြည့်တာတွေ လုပ်နေတဲ့ ရုပ်ပုံတွေ လူမှုကွန်ရက်မှာ ပျံံ့နှံံ့နေပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကို​တော့စုံစမ်း​နေဆဲဖြစ်ပြီး မသိရသေးပါဘူး။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတိုက်ပွဲတွေကို စစ်ကူတိုက်ပေးဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

စစ်တပ်က ဖလူး၊မင်းလက်ပံ​ဒေသ​တွေကို ထိန်းချုပ်နိုင်ရင် ​ဝေါ​လေဗျူဟာကုန်းကို စစ်ကူပို့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်​ရေးအရအ​ရေးပါတဲ့ ​ဝေါ​လေဗျူဟာကို KNLA ၊PDF ပူး​​ပေါင်းစစ်​ကြောင်း​တွေက ပိတ်ဆို့ဝန်းရံတိုက်ခိုက်​နေတာ​ကြောင့် စစ်တပ်က ဗျူဟာမကျ​အောင် ​လေ​​ကြောင်းက​နေပဲ လက်နက်၊ ခဲယမ်း၊ ရိက္ခာ​တွေပို့​နေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ဖလူးနဲ့ မင်းလက်ပံဒေသကို ဇူလိုင် ၁၀ရက်နေ့အပြီး သိမ်းပိုက်ဖို့ဆိုပြီး အမိန့်နဲ့ တက်လာတာလို့ သတင်းကြားသိရကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဇူလိုင် ၁၀ရက်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်၁၀၀စီမံချက် ရဲ့ ရက် ၈၀ ပြည့်မယ့်​နေ့ဖြစ်ပါတယ်။

ဒါပေမယ့် ဇူလိုင် ၁၀ရက် မရောက်မီ တစ်ရက်အလိုမှာဘဲ စစ်တပ်ကပထမအကြိမ် ရှေ့မတိုးနိုင်ဘဲ တပ်လန်ကျနေတာပါတယ်။

စစ်တပ်ဟာ ကော့ကရိတ်−မြဝတီအာရှလမ်းပိုင်းကိုလည်း လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်လာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းဟာ တပ်ရင်းလိုက် သေဆုံးမှုတွေရှိခဲ့ပြီး အာရှလမ်းပိုင်းမှာ ၁နှစ်ကြာတဲ့အထိ ပိတ်မိနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။