သတင်း တောင်သာတိုက်နယ်ပကဖတာဝန်ခံရဲ့နာရေးကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ နေရာမှား ဗုံးကြဲ မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ludunwayooဇူလိုင် 31, 2026
သတင်း စစ်ကိုင်းနဲ့ ခင်ဦးမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 28, 2026
သတင်း ရေဘေးကြုံနေချိန် ဖားကန့်မြို့ကို စစ်တပ် လေကြောင်းတိုက်ခိုက် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း ဆောနဲ့ ထီးလင်းနယ်ကြားကို စစ်တပ်က လေကြောင်းကနေ အကြိမ် ၂၀ထက်မနည်း ဗုံးကြဲ မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။ ludunwayooဇူလိုင် 22, 2026
သတင်း ရေစကြိုကYRGစခန်းလေကြောင်းတိုက်ခိုက်ခံရ၊ လူထိခိုက်မှုမရှိပေမယ့် ပျက်စီးဆုံးရှုံးမှုများလို့ကူညီပေးကြဖို့မေတ္တာရပ်ခံ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 21, 2026
သတင်း KNU တပ်မဟာ(၄)နယ်မြေကို စစ်တပ် လေကြောင်း တိုက်ခိုက်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 21, 2026
သတင်း အင်းတော် နဲ့ မော်လူးကိုစစ်တပ်ကဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင်တွေကိုတော်လှန်ရေးအင်အားစုတွေသတိပေး အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။ ludunwayooဇူလိုင် 16, 2026
သတင်း ကရင်နီပြည်ကို စစ်တပ်က လေကြောင်းခြိမ်းခြောက်မှု လုပ်နေ ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။ ludunwayooဇူလိုင် 16, 2026
သတင်း သဘာ၀ဘေးကြုံနေရချိန် ပြည်သူကို လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်လုပ်ရပ်မှတ်တမ်းတင်ထားဟု AA ထုတ်ပြန် ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 12, 2026
သတင်း မင်းတပ်မြို့အနီး စစ်တပ် လေကြောင်းဗုံးကြဲမှု မိန်းကလေးငယ် ၃ဦး သေဆုံး ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။ ludunwayooဇွန် 30, 2026