Hi, what are you looking for?
မန္တလေးနန်းမြို့ကျုံးဘေးတစ်လျှောက်မှာ သင်္ကြန်အတွက် ပြင်ဆင်နေတဲ့ လက်သမားတွေရဲ့ တူထုသံတွေက ဆူညံလို့နေပါတယ်။ ဆောက်လက်စ မဏ္ဍပ်ကြီးတွေက ကျုံးရေပြင်ကို ငုံ့ကြည့်ရင်း ခန့်ထည်ဖို့ ကြိုးစားနေကြတယ်။ မဏ္ဍပ်အမိုးပေါ်မှာ ဆေးရောင်စုံ ဗီနိုင်းတွေ၊ ပိတောက်ပန်းတုတွေနဲ့ အလှဆင်နေကြတယ်။ ကျုံးရေပြင်ပြာပြာဟာ အဲဒီမဏ္ဍပ်တွေရဲ့ ရောင်စုံမီးအလင်းအမှောင်တွေကို ထင်ဟပ်ရင်း တည်ငြိမ်နေပေမဲ့ အဲဒီတည်ငြိမ်မှုအောက်မှာတော့ အေးစက်စက်...
ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။ရှေးရိုးရာအစဥ်အလာ ရှေးလူကြီးများကဲ့သို့ ဘုရားသွားကျောင်းတက် ပရိတ်ပဌာန်းရွတ်ခြင်းဖြင့် မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းလိုကြသော်လည်း မဖြစ်နိုင်သေးပါ။ အကြောင်းမှာ သင်္ကြန်ကဲ့သို့အခါကြီးရက်ကြီးများကိုပင် ဘာသာရေးအဆောက်အအုံတွေကို ဗုံးပတ်ကြဲပြီးသွေးဆာနေသော စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ဖြစ်သည်။