Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရောက်မြန်မာတွေ ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲတော် ကျင်းပ

ဂျပန်နိုင်ငံ တိုကျိုမြို့က Kiba Parkမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ နဲ့ ၁၂ရက်က ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဧပြီ-၁၃၊၂၀၂၆။ သုည/People’s Spring

ဂျပန်နိုင်ငံ တိုကျိုမြို့က Kiba Parkမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ နဲ့ ၁၂ရက်က ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ သင်္ကြန်အကအလှ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ရိုးရာအကအလှတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးရန်ပုံငွေအဖြစ် အစားအသောက်နဲ့ နွေဦးတော်လှန်ရေး အမှတ်တရ ပန်းချီပစ္စည်းတွေလည်း ရောင်းချခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ပွဲတော်ကို နှစ်ရက်ပေါင်း လူဦးရေ ၃သောင်းနီးပါး လာရောက်အားပေးခဲ့ကြလို့ ဂျပန်မှာ မြန်မာတွေရဲ့ အကြီးမားဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော်ဖြစ်ခဲ့ကြောင်း ပွဲအတွင်း ပါဝင်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။