Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အကြိုနေ့မှာစစ်တပ်က​ရွှေဘိုနယ်ကဘုန်းကြီး​ကျောင်းကိုဗုံးကြဲလို့ သံဃာတပါးပျံလွန်ပြီး သုံးပါးဒဏ်ရာရ

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်း ၂၀၁၉ ခုနှစ်မှာ မိတ္ထီလာရှမ်းတဲ​လေတပ်က စစ်တပ်တိုက်​လေယာဥ် ၂ စီး ​လေ့ကျင့်ပျံသန်းစဥ်။ဓါတ်ပုံ-မြဝတီ

■စစ်တပ်က​ရွှေဘိုမြို့​ပေါ်မှ သင်္ကြန်​ပျော်ပွဲရွှင်ပွဲလုပ်ပြီး ရွာ​တွေကိုဗုံးကြဲ

ဧပြီ-၁၃၊၂၀၂၆။ရှိန်း/People’s Spring

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

စစ်တပ်က ​ရွှေဘိုမြို့မှာ သင်္ကြန်အကြို​နေ့ ​ရေကစားမဏ္ဍပ်ဖွင့်အဖြစ် ပျော်ပွဲရွှင်ပွဲ​တွေလုပ်​ပေးပြီး နာရီပိုင်းအကြာမှာ ရွာ​တွေဘက်ကို ဗုံးကြဲခဲ့တာပါ။ဧပြီလ ၁၃ ရက်နေ့၊မွန်းလွဲ ၃နာရီ ခွဲခန့်က မိတ္တီလာ၊ရှမ်းတဲလေ တပ်ကတက်လာတဲ့တိုက်​လေယာဉ်နဲ့ ဆိပ်ခွန်ရွာတိုက်သစ်ဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲ ခဲ့တာလို့​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲတာ​ကြောင့် ဧပြီ ၁၂ ရက်ကမှသင်္ကြန်အတွင်းရဟန်းခံထားတဲ့ သံဃာ ၄ ပါးထိမှန်ခဲ့တာပါ ။တပါးပျံလွန်ခဲ့ပြီး သုံးပါးဒဏ်ရာရကာ ဒဏ်ရာရတဲ့ ရဟန်းတပါးကလည်းစိုးရိမ်ရတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“ဘယ်လိုဖြစ်လို့ကြဲလည်းကိုမသိပါဘူး။ဒီလိုအခါကြီးရက်ကြီးလုပ်လိမ့်မယ်လို့ မထင်ဘူးဗျာ။အလစ်အငိုက်ကိုဖြစ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင်အဲဲဒီ လေယာဉ်ကပဲဆိပ်ခွန်ရွာဘေးက ထန်းစင်ရွာစာသင် ကျောင်းကိုလည်း ဗုံးတလုံးကြဲခဲ့တာမို့ အမျိုးသားတဦး ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့သိရပါတယ်။

စစ်တပ်ကသင်္ကြန်ကာလမှာ မြို့တွေ ပေါ်မှာပျော်ပွဲရွှင်ပွဲ တွေ ဖိအား​ပေးလုပ်ခိုင်းပြီး ကျေးရွာတွေကို​တော့ မီးရှို့တာ လေယာဉ်နဲ့ ဗုံးကြဲတာ တွေဆက်တိုက်လုပ် နေတာလို့​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။